02-06-2019 |
By
admin |
No comments
မြန်မာစားသုံးသူများသမဂ္ဂမှ အတွင်းရေးမှုး ဦးမောင်မောင်သည် တရားမဝင်ရောင်းချနေသော ရောနှောဆီများ နှင့်ပက်သက်၍ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား (MRTV) မှ ပြုလုပ်သော မေးမြန်းဖြေကြား လူမှုစီးပွားအစီအစဉ်တွင် ရန်ကုန်မြို့ရှိ မြန်မာ့အသံဋ္ဌာန၌ ၂၀၁၉ခုနှစ်၊ ဖေဖော်ဝါရီလ၊ ၆ရက်နေ့တွင် ပြောကြားခဲ့ပါသည်။ ထိုအစီအစဉ်တွင် Fame ဆေးဝါးထုတ်လုပ်ရေးလုပ်ငန်းမှ MD ဒေါက်တာဦးခင်မောင်လွင် နှင့် မြန်မာနိုင်ငံ ဆီလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးခင်စိုးတို့လည်းပါဝင်ခဲ့ကြပါသည်။ ထိုမေးမြန်းဖြေကြားချက်များမှ ရောနှောဆီနှင့်ပက်သက်၍ ကျန်းမာရေး၊ စားသုံးသူကာကွယ်ရေး၊ နှင့် စီးပွားရေး ရှုထောင့်မျိုးစုံမှ လေ့လာခွင့်များရရှိသိရှိနိုင်ကြပါသည်။ #MRTV
02-06-2019 |
By
admin |
No comments
မြန်မာစားသုံးသူများသမဂ္ဂမှ အတွင်းရေးမှုး ဦးမောင်မောင်သည် YTV မှပြုလုပ်သော မြန်မာနိုင်ငံရှိ စားသုံးသူ အခွင့်အရေး အ ကြောင်း အင်တာဗျူးကို ၂၁ မိနစ်စာ ဖြေကြားပြောဆိုခဲ့ပါသည်။ မြန်မာနိုင်ငံရဲ့ စားသုံးသူ အခွင့်အရေးအကြောင်း မြန်မာနိုင်ငံရဲ့ စားသုံးသူ အခွင့်အရေးအကြောင်း#YTV#YTV_2019_Present Posted by YTV on Tuesday, February 5, 2019
02-04-2019 |
By
admin |
No comments
မြန်မာစားသုံးသူများသမဂ္ဂမှ ကြီးမှုးကျင်းပ၍ ကမ္ဘာ့ကင်ဆာရောဂါ အထိမ်းအမှတ်နေ့ ကို သမဂ္ဂရုံး၌ ၂၀၁၉ခုနှစ်၊ ဖေဖော်ဝါရီလ၊ ၄ရက်နေ့တွင် ကျင်းပခဲ့ပါသည်။ ထိုအခမ်းအနားတွင် မြန်မာစားသုံးသူများသမဂ္ဂ ဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာမာမာကြည်မှ ကင်ဆာရောဂါဆိုင်ရာ ပညာပေးဟောပြောခဲ့ပြီး ရင်သားကင်ဆာ စစ်ဆေးနည်းကိုလည်း ရွှေရောင်နှင်းဆီကင်ဆာဖောင်ဒေးရှင်းမှ ပေးပို့သော ဗီဒီယိုဖိုင်ဖြင့် ရှင်းလင်းပြသခဲ့ပါသည်။ ဟောပြောချက်များမှ ကင်ဆာရောဂါသည် ကြိုတင်စစ်ဆေးသိရှိ၍ စောလျင်စွာကုသနိုင်ပါက ရှင်သန်ရန်အခွင့်အရေးပိုရနိုင်ကြောင်း သိရှိခဲ့ရပါသည်။ ထိုအခမ်းအနားတွင် ကင်ဆာရောဂါဝေဒနာရှင် တစ်ဦးမှ သူမ၏ အတွ့အကြုံများကို မျှဝေပြောကြားခဲ့ပါသည်။ ထို့အပြင် တက်ရောက်လာသူများကိုလည်း ကျွန်ုပ်သည် ..ကျွန်ုပ်က …. ကင်ဆာရောဂါ အထိမ်းအမှတ် ၂၀၁၉-၂၀၂၁ လှုပ်ရှားမှုအစီအစဉ်ကြီးကိုလည်း စတင်ပြုလုပ်ခဲ့ပါသည်။ မြန်မာစားသုံးသူများသမဂ္ဂမှ အတွင်းရေးမှုးဦးမောင်မောင်မှလည်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဋ္ဌာန နှင့် ရွှေရောင်နှင်းဆီဖောင်ဒေးရှင်းမှ ကြီးမှုးကျင်းပသော ကမ္ဘာ့ကင်ဆာရောဂါ အထိမ်းအမှတ်နေ့ လမ်းလျှောက်ပွဲကိုလည်း ၂.၄.၂၀၁၉ ခုနှစ် နံနက် […]