မြန်မာနိုင်ငံရှိ ဒေသန္တရဆိုင်ရာ အုပ်ချုပ်စီမံမှုမှ အတွေ့အကြုံများကို မျှဝေခြင်း – ပြပွဲ နှင့် ဆွေးနွေးပွဲ ပါဝင်ဆင်နွှဲ

မြန်မာစားသုံးသူများသမဂ္ဂသည် နိုင်ငံတကာဖွံ့ဖြိုးရေးဆိုင်ရာအမေရိကန်အေဂျင်စီ (USAID) မှ ကြီးမှုးကျင်းပသော မြန်မာနိုင်ငံရှိ ဒေသန္တရဆိုင်ရာ အုပ်ချုပ်စီမံမှုမှ အတွေ့အကြုံများကို မျှဝေခြင်း – ပြပွဲ နှင့် ဆွေးနွေးပွဲတွင် ရန်ကုန်မြို့ရှိ Lotte Hotel တွင် ၂၀၁၈ ခုနှစ်၊ မေလ၊ ၁၉ ရက်နေ့တွင် ပါဝင်ဆင်နွှဲ ခင်းကျင်းပြသခဲ့ပါသည်။

ထိုဆွေးနွေးပွဲသို့ မြန်မာစားသုံးသူများသမဂ္ဂမှ အတွင်းရေးမှုး ဦးမောင်မောင်နှင့် တွဲဖက်အတွင်းရေးမှုး ဒေါက်တာမိုမိုတင် တို့မှ တက်ရောက်ခဲ့ကြပြီး အတွင်းရေးမှုးဦးမောင်မောင်မှ စီးပွားပြုပြင်ပြောင်းလဲမှုအပေါ်မူဝါဒဆိုင်ရာ ဆွေးနွေးပွဲစကားဝိုင်းတွင် စားသုံးသူရပိုင်ခွင့်နှင့် စားသုံးသူကာကွယ်ရေးရှုထောင့်မှ ဆွေးနွေးတင်ပြသွားခဲ့ပါသည်။ ပြပွဲတွင်လည်း မြန်မာစားသုံးသူများသမဂ္ဂမှ စားသုံးသူကာကွယ်ရေးဆိုင်ရာ၊ စီမံကိန်းကာလ အောင်မြင်မှုများ စသည်တို့အား ခင်းကျင်းပြသခဲ့ပါသည်။ ပြပွဲတွင် မြန်မာစားသုံးသူများသမဂ္ဂမှ အလုပ်အမှုဆောင်အဖွဲ့ဝင်များက ကူညီပြသခဲ့ကြပါသည်။

         

About the Author

Leave a Reply

You may also like these