၅နှစ်မြောက် မြန်မာစားသုံးသူများသမဂ္ဂ နှစ်ပတ်လည် အခမ်းအနားနှင့် စားသုံးသူကာကွယ်ရေး ဥပဒေကြမ်းအပေါ် ဆွေးနွေးပွဲ

၅နှစ်မြောက် မြန်မာစားသုံးသူများသမဂ္ဂ နှစ်ပတ်လည် အခမ်းအနားနှင့် စားသုံးသူကာကွယ်ရေး ဥပဒေကြမ်းအပေါ် ဆွေးနွေးပွဲကို မြန်မာစားသုံးသူများသမဂ္ဂမှ ရန်ကုန်မြို့ Orchid Hotel တွင် ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ၊ ၁၈ရက်နေ့တွင် ကျင်းပခဲ့ပါသည်။

ထိုအခမ်းအနားသို့ ရန်ကုန်၊ မန္တလေး၊ နေပြည်တော် နှင့် မော်လမြိုင်တို့မှ  မြန်မာစားသုံးသူများသမဂ္ဂမှ နာယကကြီးများ၊ အကြံပေးပုဂ္ဂိုလ်များနှင့် အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသော ဌာနဆိုင်ရာမှ အရာရှိကြီးများ၊ နှင့် အရပ်ဖက်ဆိုင်ရာအဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များ၊ ဧည့်သည်တော်များနှင့် သတင်းနှင့် စာနယ်ဇင်းမှ ကိုယ်စားလှယ်များတက်ရောက် ချီးမြှင့်ခဲ့ကြပါသည်။

၅နှစ်မြောက် မြန်မာစားသုံးသူများသမဂ္ဂ နှစ်ပတ်လည် အခမ်းအနားအောင်မြင်စွာ ကျင်းပပြီးသည့်နောက် မြန်မာစားသုံးသူများသမဂ္ဂမှ ဥပဒေကျွမ်းကျင်သူများ ဦးဆောင်၍ စားသုံးသူကာကွယ်ရေး ဥပဒေကြမ်းအပေါ် ပဏာမဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြပါသည်။ ထိုအခမ်းအနားပြီး နောင်မကြာမီတွင် စားသုံးသူကာကွယ်ရေး ဥပေဒကြမ်းအပေါ် စုပေါင်းတိုင်ပင် ညှိနှိုင်းဆွေးနွေးပွဲကိုလည်း မြန်မာစားသုံးသူများသမဂ္ဂမှ ကြီးမှုးကျင်းပသွားမည် ဖြစ်ကြောင်းသိရပါသည်။

 

  

  

About the Author

Leave a Reply

You may also like these