“အုပ္ခ်ဳပ္ေရးႏွင့္ စီးပြားေရးဆိုင္ရာ ေျဖာင့္မတ္တည္ၾကည္မႈ” ေခါင္းစဥ္ျဖင့္ အဂတိလိုက္စားမႈ တားဆီးကာကြယ္ေရးဆိုင္ရာ အလုပ္႐ုံေဆြးေႏြးပြဲ (ဘားအံ) တက္ေရာက္

အဂတိလိုက္စားမႈတိုက္ဖ်က္ေရးေကာ္မရွင္ႏွင့္ ကရင္ျပည္နယ္အစိုးရအဖြဲ႔တို႔ ပူးေပါင္း၍ ကုလသမဂၢဖြံ႔ၿဖိဳးမွဳအစီအစဥ္(UNDP)၏ နည္းပညာအကူအညီျဖင့္ “အုပ္ခ်ဳပ္ေရးနွင့္ စီးပြားေရးဆိုင္ရာ ေျဖာင့္မတ္တည္ၾကည္မွဳ” ေခါင္းစဥ္ျဖင့္ အဂတိလိုက္စားမႈ တားဆီးကာကြယ္ေရးဆိုင္ရာ အလုပ္ရံုေဆြးေႏြးပြဲကို ၂၀၁၉ ခုႏွစ္ ဇြန္လ (၂၅) ရက္ေန႔ နံနက္ပိုင္းတြင္ ဘားအံျမိဳ႕၊ သီရိဘားအံဟိုတယ္၌ က်င္းပခဲ့သည္။

အလုပ္ရံုေဆြးေႏြးပြဲတြင္ ကရင္ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒၚနန္းခင္ေထြးျမင့္၊ အဂတိလိုက္စားမွဳတိုက္ဖ်က္ေရးေကာ္မရွင္ ဥကၠ႒ ဦးေအာင္ၾကည္တို႔က အမွာစကားေျပာၾကားခဲ့ပါသည္။

အဆိုပါေဆြြေႏြးပြဲသို႔ စုစုေပါင္းအင္းအား (၅၀၀)ေက်ာ္ တက္ေရာက္ခဲ့ၾကျပီး ျမန္မာစားသံုးသူမ်ားသမဂၢမွ အတြင္းေရးမွဴး ဦးေမာင္ေမာင္၊ တြဲဖက္အတြင္းေရးမွဴး-၄ ေနာ္တာေဟေညာ၊ စီမံ/ဘ႑ာအရာရွိ ေဒၚျမတ္ေထြးေလး၊ စီမံကိန္းအေထာက္အကူျပဳ ဦးသိန္းထိုက္စိုးတုိ႔ တက္ေရာက္ခဲ့ၾကပါသည္။

– Unicode –

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် ကရင်ပြည်နယ်အစိုးရအဖွဲ့တို့ ပူးပေါင်း၍ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်(UNDP)၏ နည်းပညာအကူအညီဖြင့် “အုပ်ချုပ်ရေးနှင့် စီးပွားရေးဆိုင်ရာ ဖြောင့်မတ်တည်ကြည်မှု” ခေါင်းစဉ်ဖြင့် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ၂၀၁၉ ခုနှစ် ဇွန်လ (၂၅) ရက်နေ့ နံနက်ပိုင်းတွင် ဘားအံမြို့၊ သီရိဘားအံဟိုတယ်၌ ကျင်းပခဲ့သည်။

အလုပ်ရုံဆွေးနွေးပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည်တို့က အမှာစကားပြောကြားခဲ့ပါသည်။

အဆိုပါဆွွေနွေးပွဲသို့ စုစုပေါင်းအင်းအား (၅၀၀)ကျော် တက်ရောက်ခဲ့ကြပြီး မြန်မာစားသုံးသူများသမဂ္ဂမှ အတွင်းရေးမှူး ဦးမောင်မောင်၊ တွဲဖက်အတွင်းရေးမှူး-၄ နော်တာဟေညော၊ စီမံ/ဘဏ္ဍာအရာရှိ ဒေါ်မြတ်ထွေးလေး၊ စီမံကိန်းအထောက်အကူပြု ဦးသိန်းထိုက်စိုးတို့ တက်ရောက်ခဲ့ကြပါသည်။

   

    

Photo: ACCM Facebook

About the Author

Leave a Reply

You may also like these