ဓါတုဆိုးဆေးနှင့်ပက်သက်သည့် အသိပညာပေး ဆွေးနွေးပွဲ

မြန်မာစားသုံးသူများသမဂ္ဂမှ တွဲဖက်အတွင်းရေးမှုး-၁ ဒေါက်တာမိုမိုတင် သည် ဒဂုံမြို့သစ်(မြောက်ပိုင်း) စက်မှုဇုန်တွင် ၂၀၁၈ခုနှစ် ဇူလိုင်လ ၂၅ ရက်နေ့ တွင် ကျင်းပသော ဓါတုဆိုးဆေးနှင့်ပက်သက်သည့် အသိပညာပေး ဆွေးနွေးပွဲ တွင် ပါဝင် တင်ပြဆွေးနွေးမျှဝေခဲ့ပါသည်။

ထိုဆွေးနွေးပွဲတွင် စားသုံးသူရပိုင်ခွင့်အခွင့်အရေး နှင့် ထုတ်လုပ်သူများသည်လည်း စားသုံးသူများပင်ဖြစ်ကြောင်း၊  ကောင်းမွန်သောထုတ်လုပ်မှုကျင့်စဉ်များ စံချိန်စံညွှန်းများဖြင့် ထုတ်လုပ်ပါက စားသုံးသူများအတွက်သာမက ထုတ်လုပ်သူများအတွက်ပါ အကျိုးဖြစ်ထွန်း တိုးတက်စေမည်ဖြစ်ကြောင်းတို့ကို ဟောပြောခဲ့ပါသည်။ ထိုဆွေးနွေးဟောပြောပွဲကို စက်မှုဇုန် နှင့် စားသုံးသူရေးရာဦးစီးဌာနတို့က ကြီးမှုးကျင်းပပြီး စက်မှုကြီးကြပ်၊ MFPEA, FOSTA, နှင့် Responsible Care တို့မှလည်း ပါဝင် ဆွေးနွေးဟောပြောခဲ့ကြပါသည်။

About the Author

You may also like these