စားသုံးသူကာကွယ်ရေးဥပဒေကြမ်းအပေါ် တင်ပြဆွေးနွေးပွဲ

ပြည်​သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီဥက္ကဌ ဦးထွန်းအောင် (ခ) ဦးထွန်းထွန်းဟိန်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးလက်လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေး​ကော်​မတီ ဥက္ကဌ ဦးရန်လင်းနှင့် အဖွဲ့ဝင်များ၊ ဥပ​ဒေကြမ်း​ကော်​မတီ အတွင်းရေးမှူး ဦးကျော်စိုးလင်းနှင့် အဖွဲ့ဝင်များ၊ စီးပွားရေးနှင့် ဘဏ္ဍာရေး ဖွံ့ဖြိုးတိုးတက်ရေးကော်မတီမှ အဖွဲ့ဝင်များသည် မြန်မာစားသုံးသူများသမဂ္ဂနှင့် ၂၈.၂.၂၀၁၈ ရက်​ ဗုဒ္ဓဟူးနေ့(၀၈းဝဝ) နာရီ အချိန်တွင် (I-2) ဥပဒေကြမ်းကော်မတီ အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။ နိုင်ငံတကာဖွံ့ဖြိုးရေးဆိုင်ရာအမေရိကန်အေဂျင်စီ (USAID) မှ စီမံကိန်း ဒါရိုက်တာ မစ္စတာ စတိဗ်ပါကာ နှင့် စားသုံးသူကာကွယ်ရေးကျွမ်းကျင်ပညာရှင် မစ္စရီဘက်ကာ ဘိုးလ်းမန်း တို့သည်လည်း မြန်မာစားသုံးသူများသမဂ္ဂ မှ ပညာရှင်များနှင့်အတူ အစည်းအဝေးသို့တက်ရောက်ကာ စားသုံးသူကာကွယ်ရေးအတွက် အကြံပေးတင်ပြဆွေးနွေးခဲ့ပါသည်။

စားသုံးသူကာကွယ်ရေးဥပဒေကြမ်းကို ၂၇ ရက်၊ အောက်တိုဘာလ၊ ၂၀၁၇ ခုနှစ်တွင် သတင်းစာမှ တရားဝင် ထုတ်ပြန်ကြေငြာခဲ့ပါသည်။ ထို့နောက် နိုင်ငံတကာဖွံ့ဖြိုးရေးဆိုင်ရာအမေရိကန်အေဂျင်စီ (USAID) ၏ကူညီပံ့ပိုးမှုဖြင့် စားသုံးသူ ကာကွယ်ရေးဥပဒေကြမ်းအပေါ် အသင်းသားများ၊ အရပ်ဖက်အဖွဲ့အစည်းများနှင့် ဌာနဆိုင်ရာအချို့ပါဝင် ပူးပေါင်းညှိနှိုင်းကာ အကြံပြုဆွေးနွေးပွဲလုပ်ခဲ့ပါသည်။ ထိုညှိနှိုင်းဆွေးနွေးပွဲမှ အကြံပြုချက်များကို စုစည်း၍လည်းကောင်း၊ စားသုံးသူကာကွယ်ရေးနှင့်ပက်သက်၍ နိုင်ငံတကာတွင် ကျင့်သုံးလျက်ရှိသော အကောင်းဆုံးကျင့်စဉ်များကိုလည်းကောင်း၊ ပြည်သူ့လွှတ်တော်ဥပဒေကြမ်းကော်မတီ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးလက်လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၊ စီးပွားရေးနှင့် ဘဏ္ဍာရေး ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ တို့မှ လွှတ်တော်ကိုယ်စားလှယ်များထံသို့ တင်ပြခဲ့ပါသည်။

ဓါတ်ပုံ – ပြည်သူ့လွှတ်တော်ဥပဒေကြမ်းကော်မတီမှ ခွင့်ပြုချက်ဖြင့်ကူးယူဖော်ပြပါသည်။

About the Author

Leave a Reply

You may also like these