
-Unicode-

မြန်မာစားသုံးသူများသမဂ္ဂသည် ဇူလိုင်လ (၂၉)ရက်နေ့မှ သြဂုတ်လ(၁၃)ရက်နေ့ထိ ဒဂုံတက္ကသိုလ်ကျောင်းသားသမဂ္ဂ၏ ကူညီပံ့ပိုးမှုဖြင့် Acitizens မှ ဦးဆောင်စီစဉ်ကျင်းပသော ဒဂုံတက္ကသိုလ် တွေးခေါ်ပြောဆိုမှုစွမ်းရည်ပြိုင်ပွဲ (၂၀၁၉) ပြိုင်ပွဲဖြစ်မြောက်ရေးအတွက် ငွေကြေးထောက်ပံ့လှူဒါန်းခဲ့ပါသည်။ ၂၀၁၉ ခုနှစ် သြဂုတ်လ ၁၃ရက်နေ့၌ စာသင်ခန်းမဆောင်-(၃)တွင် ပြုလုပ်သော အဆိုပါပြိုင်ပွဲဗိုလ်လုပွဲစဉ်သို့ မြန်မာစားသုံးသူများသမဂ္ဂမှ အတွင်းရေးမှူး ဦးမောင်မောင်၊ တွဲဖက်အတွင်းရေးမှူး-(၁) ဒေါက်တာမိုမိုတင်၊ ဘဏ္ဍာရေးမှူး ဦးဆန်းထူး နှင့် အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးအောင်နိုင်မင်းတို့ တက်ရောက်ခဲ့ကြပြီး မြန်မာစားသုံးသူများသမဂ္ဂ တွဲဖက်အတွင်းရေးမှူး-(၁) ဒေါက်တာမိုမိုတင်မှ တွေးခေါ်ပြောဆိုမှုစွမ်းရည်ပြိုင်ပွဲ ဗိုလ်လုပွဲစဉ်၏ အကဲဖြတ်ဒိုင်တစ်ဦးအဖြစ် ပါဝင်ခဲ့ပါသည်။