E-Commerce နှင့်ပက်သက်သော သုတေသနတွင် ပါဝင်လိုသော စိတ်ပါဝင်စားသူများကို ဖိတ်ခေါ်ခြင်း

မြန်မာစားသုံးသူများသမဂ္ဂ (Myanmar Consumers Union) သည် မြန်မာနိုင်ငံရှိ internet နှင့် ဒီဂျစ်တယ်နည်းစနစ်ဖြင့် အသုံးပြုသူများအကြားတွင် E-commerce အသုံးပြုမှုနှင့် ပတ်သက်သော အသိပညာ၊ အတွေးအခေါ်၊ အပြုအမူများနှင့် ပတ်သက်ပြီး လေ့လာမှုတစ်ရပ် ပြုလုပ်မည်ဖြစ်ပါသည်။

E-commerce ဆိုသည်မှာ အီလက်ထရောနစ်နည်းပညာဖြင့်

(၁)        internet မှ တဆင့် ဈေးဝယ်ခြင်း (Online shopping)၊

(၂)        မိုဘိုင်းဖုံးထဲတွင် Mobile banking application ထည့်ပြီး ငွေလွှဲခြင်း (သို့) Internet banking မှ တဆင့် ငွေလွှဲခြင်း၊

(၃)        ဖုံးမှ တဆင့် ငွေလွှဲခြင်း (ဥပမာ – Wave Pay, OK Pay များသုံးပြီး ငွေလွှဲခြင်း)၊

(၄)        အီလက်ထရောနစ်နည်းပညာဖြင့် မီတာခဆောင်ခြင်း၊ ဖုံးငွေဖြည့်ခြင်း၊ ငွေလွှဲခြင်း၊ MPU/ Visa/ Master ကဒ်များ အသုံးပြုပြီး ငွေပေးချေခြင်း (E-payment) ၊

(၅)        အင်တာနက်မှတဆင့် မှတ်ပုံတင်ခြင်း (Online registration)နှင့်

(၆)        ဖုံးနှင့် internet တို့ အသုံးပြုခြင်းတို့ ပါဝင်သည်။

ထိုလေ့လာမှုတွင် မြန်မာနိုင်ငံရှိ internet အသုံးပြုသူများအနေဖြင့် အီလက်ထရောနစ် နည်းပညာဖြင့် internet မှတဆင့် ငွေလွှဲပြောင်းခြင်းများ ပြုလုပ်ရာတွင် တွေ့ကြုံရသော အတွေ့အကြုံ၊ အခက်အခဲများနှင့် E-commerce ကို မြန်မာနိုင်ငံတွင် ပိုမိုတိုးတက်ကောင်းမွန်အောင် လုပ်ဆောင်ရာတွင် ပြုပြင်ပြောင်းလဲသင့်သည့် အချက်များနှင့် ပတ်သက်ပြီး အကြံဥာဏ်ပေးခြင်းများကို သုံးစွဲသူများ၊ E-commerce ကို ၀န်ဆောင်မှု ပေးနေသူများနှင့် အုပ်စုလိုက် ဆွေးနွေးခြင်း (သို့) တစ်ဦးချင်း ဆွေးနွေးခြင်း၊ မေခွန်းလွှာများဖြင့် မေးမြန်းခြင်းကို ပြုလုပ်မည်ဖြစ်ပါသည်။ပြုလုပ်မည့် နေရာများမှာ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်နှင့် မော်လမြိုင်မြို့များတွင် ၁၂.၁၁.၂၀၁၈ မှ ၃၀.၁၂.၂၀၁၈ အထိ ပြုလုပ်သွားမည်ဖြစ်ပါသည်။

အသေးစိပ် အချက်အလက်များကို အောက်ပါ လင့်ခ်မှ ဖိုင်များတွင် ဖတ်ရှုနိုင်ပါသည်။

 

 

About the Author

Leave a Reply

You may also like these