“ကျန်းမာရေးနှင့် ညီညွတ်ပြီး ဘေးအန္တရာယ်ကင်းရှင်းသော စားသောက်ကုန်များဆီသို့” ဆွေးနွေးပွဲတွင် ပါဝင်ဆွေးနွေး

မြန်မာနိုင်ငံစားသောက်ကုန် ထုတ်လုပ် တင်ပို့ရောင်းချသူများ အသင်းမှ ကြီးမှုးကျင်းပသော ဒုတိယအကြိမ် “ကျန်းမာရေးနှင့် ညီညွတ်ပြီးေ  ဘးအန္တရာယ်ကင်းရှင်းသော စားသောက်ကုန်များဆီသို့ ဆွေးနွေးပွဲ” (၂၀၁၈ ခုနှစ်) တွင် မြန်မာစားသုံးသူများသမဂ္ဂ အတွင်းရေးမှုး ဦးမောင်မောင်မှ ဆွေးနွေးပွဲ စကားဝိုင်းတွင်  ပြည်တွင်းစားသုံးသူနှင့် ဘေးအန္တရာယ်ကင်းသော စားသောက်ကုန်များခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေ တင်ပြခဲ့ပါသည်။ ထိုဆွေးနွေးပွဲကို ရန်ကုန်မြို့ UMFCCI ခန်းမတွင် ကျင်းပခဲ့ပြီး ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန မှ ဝန်ကြီး ဒေါက်တာဦးမြင့်ထွေးမှ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ ထို့အပြင် မြန်မာစားသုံးသူများသမဂ္ဂမှ နာယက ဒေါက်တာဦးဌေးလွင်၊ အကြံပေးပုဂ္ဂိုလ် ဆလိုင်းနိုင်းခွမ်ခန်း၊ နှင့် အဖွဲ့ဝင် ဦးဆန်းထူးတို့လည်း ထိုဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ကြပါသည်။

       

About the Author

You may also like these