MCU လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ

မြန်မာစားသုံးသူများသမဂ္ဂ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲအစည်းအဝေးကို ရန်ကုန်မြို့ Panna Institute တွင် ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ၊ ၁၇ ရက်နေ့တွင် ကျင်းပခဲ့ပါသည်။ ထိုအစည်းအဝေးသို့ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ စစ်ကိုင်း၊ ဧရာဝတီ တိုင်းဒေသကြီးများ နှင့် ချင်း၊ မွန်၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) တို့မှ နာယက၊ အကြံပေးပုဂ္ဂိုလ်များ၊ အလုပ်အမှုဆောင်များနှင့် အဖွဲ့ဝင်များ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။

အစည်းအဝေးတွင် မိမိတို့ ဒေသမှ စားသုံးသူရေးရာ ပြသနာအခက်အခဲများကို မျှဝေဆွေးနွေးခဲ့ကြပါသည်။ မြန်မာစားသုံးသူများသမဂ္ဂ (မန္တလေးတိုင်းဒေသကြီး) ဥက္ကဋ္ဌ ပါမောက္ခဒေါက်တာ ဦးအောင်မြင့်မှလည်း မန္တလေးတိုင်းဒေသကြီးမှ အငြင်းပွားမှုဖြေရှင်းရေး အတွေ့အကြုံများကို မျှဝေ ဆွေးနွေးပေးခဲ့ပါသည်။

ထို့နောက် မြန်မာစားသုံးသူများသမဂ္ဂ ရေရှည်တည်တံ့ခိုင်မြဲရေး အတွက် အစီအစဉ်များ လုပ်ငန်းဆောင်တာများကို ဆက်လက်ဆွေးနွေးကာ သမဂ္ဂ၏ဖွဲ့စည်းပုံ ပြန်လည်တည်ဆောက်ရေး အတွက်ပါ ဆွေးနွေးခဲ့ကြပါသည်။

About the Author

Leave a Reply

You may also like these