ျမန္မာစားသံုးသူမ်ားသမဂၢ လုပ္ငန္းညႇိႏႈိင္းေဆြးေႏြးပြဲအစည္းအေဝးကို ရန္ကုန္ၿမိဳ႕ Action Aid Myanmar မလိခခန္းမတြင္ ၂၀၁၉ ခုႏွစ္၊ ၾသဂုတ္လ၊ ၂၀ ရက္ေန႔တြင္ က်င္းပခဲ့ပါသည္။ ျမန္မာစားသံုးသူမ်ားသမဂၢ (မႏၱေလးတိုင္းေဒသၾကီး) ဥကၠ႒ ပါေမာကၡေဒါက္တာ ဦးေအာင္ျမင့္မွ အဖြင့္အမွာစကား ေျပာၾကားခဲ့ျပီး တက္ေရာက္လာသူမ်ားမွ တစ္ဦးခ်င္း မိမိကုိယ္မိမိ မိတ္ဆက္ခဲ့ၾကပါသည္။

ထိုအစည္းအေဝးသို႔ ရန္ကုန္၊ မႏၱေလး၊ ေနျပည္ေတာ္၊ စစ္ကုိင္းတိုင္းေဒသႀကီးမ်ား ႏွင့္ ခ်င္း၊ မြန္၊ ရွမ္းျပည္နယ္ (ေျမာက္ပိုင္း) တို႔မွ နာယက၊ အႀကံေပးပုဂၢိဳလ္မ်ား၊ အလုပ္အမႈေဆာင္မ်ားႏွင့္ အဖြဲ႔ဝင္မ်ား တက္ေရာက္ေဆြးေႏြးခဲ့ၾကပါသည္။

အစည္းအေဝးတြင္ မိမိတို႔ေဒသမွ စားသံုးသူေရးရာျပႆနာအခက္အခဲမ်ားကို မွ်ေဝခဲ့ၾကျပီး ျပည္နယ္ တိုင္းေဒသၾကီးမ်ားအားလံုးတြင္ ျမန္မာစားသံုးသူမ်ားသမဂၢ နယ္ရံုးခြဲမ်ား ဖြင့္လွစ္သြားရန္ ႏွင့္ ေနျပည္ေတာ္ မြန္ျပည္နယ္ စေသာ အခ်ိဳ႕နယ္ရံုးခြဲမ်ား ျပန္လည္ဖြဲ႔စည္းရန္ တို႔ကို ညႇိႏႈိင္းေဆြးေႏြးအၾကံျပဳခဲ့ၾကပါသည္။  ျမန္မာစားသံုးသူမ်ားသမဂၢ တြဲဖက္အတြင္းေရးမွဴး-(၁) ေဒါက္တာမိုမိုတင္မွလည္း စီမံကိန္းေဆာင္ရြက္မႈမ်ားကို ရွင္းလင္းတင္ျပခဲ့ပါသည္။

Unicode

မြန်မာစားသုံးသူများသမဂ္ဂ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲအစည်းအဝေးကို ရန်ကုန်မြို့ Action Aid Myanmar မလိခခန်းမတွင် ၂၀၁၉ ခုနှစ်၊ သြဂုတ်လ၊ ၂၀ ရက်နေ့တွင် ကျင်းပခဲ့ပါသည်။ မြန်မာစားသုံးသူများသမဂ္ဂ (မန္တလေးတိုင်းဒေသကြီး) ဥက္ကဋ္ဌ ပါမောက္ခဒေါက်တာ ဦးအောင်မြင့်မှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး တက်ရောက်လာသူများမှ တစ်ဦးချင်း မိမိကိုယ်မိမိ မိတ်ဆက်ခဲ့ကြပါသည်။ ထိုအစည်းအဝေးသို့ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးများ နှင့် ချင်း၊ မွန်၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) တို့မှ နာယက၊ အကြံပေးပုဂ္ဂိုလ်များ၊ အလုပ်အမှုဆောင်များနှင့် အဖွဲ့ဝင်များ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။ အစည်းအဝေးတွင် မိမိတို့ဒေသမှ စားသုံးသူရေးရာပြဿနာအခက်အခဲများကို မျှဝေခဲ့ကြပြီး ပြည်နယ် တိုင်းဒေသကြီးများအားလုံးတွင် မြန်မာစားသုံးသူများသမဂ္ဂ နယ်ရုံးခွဲများ ဖွင့်လှစ်သွားရန် နှင့် နေပြည်တော် မွန်ပြည်နယ် စသော အချို့နယ်ရုံးခွဲများ ပြန်လည်ဖွဲ့စည်းရန် တို့ကို ညှိနှိုင်းဆွေးနွေးအကြံပြုခဲ့ကြပါသည်။ မြန်မာစားသုံးသူများသမဂ္ဂ တွဲဖက်အတွင်းရေးမှူး-(၁) ဒေါက်တာမိုမိုတင်မှလည်း စီမံကိန်းဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြခဲ့ပါသည်။