Opening Ceremony of MCU - Mon State Branch Office

မြန်မာစားသုံးသူများသမဂ္ဂ (မွန်ပြည်နယ်) ရုံးခွဲဖွင့်ပွဲအခမ်းအနား

မြန်မာစားသုံးသူများသမဂ္ဂ (MCU မွန်ပြည်နယ်) ကို မော်လမြိုင်မြို့တွင်၂၀၁၇ ခုနှစ် မေလတွင် စတင်ဖွဲ့စည်းခဲ့ပြီး ရုံးခွဲဖွင့်ပွဲအခမ်းအနားသို့ မြန်မာစားသုံးသူများသမဂ္ဂ ဥက္ကဌ ပါမောက္ခ ဒေါက်တာမာမာကြည်မှ မွန်ပြည်နယ် လွှတ်တော်ဥက္ကဌ ဒေါ်တင်တင်အိ နှင့် မွန်ပြည်နယ် စားသုံးသူရေးရာဌာန ပြည်နယ်ဦးစီးမှုး ဦးစိုးသန်းအေးတို့နှင့်အတူ ၂၆ရက် ဧပြီလ ၂၀၁၈ ခုနှစ်တွင် တက်ရောက် ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပါသည်။

ထိုအခမ်းအနားသို့ မြန်မာစားသုံးသူများသမဂ္ဂမှ နာယကကြီး ဦးနီ နှင့် ဒေါက်တာဌေးလွင်၊ ဥက္ကဌ ပါမောက္ခ ဒေါက်တာမာမာကြည်၊ ဒုဥက္ကဌ နှစ်ဦးဖြစ်သူ ဒေါ်ဝင်းဝင်းကြည်နှင့် ဦးတိုးထွန်း၊ အတွင်းရေးမှုး ဦးမောင်မောင်၊ အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းအေး နှင့် စီမံကိန်းလက်ထောက်အရာရှိ ဦးအောင်နိုင်မင်းတို့တက်ရောက်သည့် အပြင် ဖိတ်ကြားထားသော ဌာနဆိုင်ရာမှ ပုဂ္ဂိုလ်များ၊ အသင်းအဖွဲ့များနှင့် မီဒီယာများပါ တက်ရောက်ခဲ့ကြပါသည်။

မြန်မာစားသုံးသူများသမဂ္ဂ (MCU မွန်ပြည်နယ်) အတွက် ဂုဏ်ယူဝမ်းသာလျက်

 

About the Author

Leave a Reply

You may also like these