သြစတြေးလျနိုင်ငံ ယှဉ်ပြိုင်မှုနှင့် စားသုံးသူရေးရာ ကော်မရှင်မှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် တွေ့ဆုံခြင်း

မြန်မာစားသုံးသူများသမဂ္ဂမှ အလုပ်အမှုဆောင် အဖွဲ့ဝင်များနှင့် သြစတြေးလျနိုင်ငံ ယှဉ်ပြိုင်မှုနှင့် စားသုံးသူရေးရာ ကော်မရှင် (ACCC) မှ တာဝန်ရှိပုဂ္ဂိုလ်များသည် စားသုံးသူကာကွယ်ရေးကိစ္စများနှင့် ပက်သက်၍ စားသုံးသူရေးရာဦးစီးဋ္ဌာန၊ ရန်ကုန်တိုင်းဒေသကြီးရုံး၌ ၂၀၁၉ခုနှစ်၊ ဧပြီလ၊ ၁၂ရက်နေ့ တွင် အစည်းအဝေး ပြုလုပ်ခဲ့ကြပါသည်။

ထိုအစည်းအဝေးသို့ မြန်မာစားသုံးသူများသမဂ္ဂမှ ဥပဒေအကြံပေးအရာရှိ ဒေါ်မြတ်မြတ်ကျော်၊ သမဂ္ဂအတွင်းရေးမှုး ဦးမောင်မောင်၊ တွဲဖက်အတွင်းရေးမှုး-၁ ဒေါက်တာမိုမိုတင်၊ တွဲဖက်အတွင်းရေးမှုး-၃ ဦးဝင်းမင်းနှင့် စီမံကိန်းအထောက်အကူပြု ဦးအောင်နိုင်မင်း တို့နှင့် ACCC မှ လက်ထောက်ညွှန်ကြားရေးမှုး မစ္စတာ David Wang နှင့် သြစတြေးလျနိုင်ငံ ဆစ်ဒနီတက္ကသိုလ်မှ အကြံပေးပုဂ္ဂိုလ် မစ္စ Patty Kamvounias တို့တက်ရောက် ဆွေးနွေးခဲ့ကြပါသည်။

  

About the Author

Leave a Reply

You may also like these