စားသုံးသူကာကွယ်ရေး ဥပဒေကြမ်းအပေါ် စုပေါင်းတိုင်ပင် ညှိနှိုင်းဆွေးနွေးပွဲ

နှစ်ရက်တာ စားသုံးသူကာကွယ်ရေး ဥပဒေကြမ်းအပေါ် စုပေါင်းတိုင်ပင် ညှိနှိုင်းဆွေးနွေးပွဲကို USAID မှ ကူညီထောက်ပံ့မှုဖြင့် မြန်မာစားသုံးသူများသမဂ္ဂက ရန်ကုန်မြို့ Orchid ဟိုတယ်တွင် ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ၊ ၂၀ ရက်နှင့် ၂၁ ရက်နေ့တို့တွင် ကျင်းပခဲ့ပါသည်။ ၂၀၁၄ ခုနှစ်၊ မတ်လ၊ ၁၄ ရက်နေ့တွင် ထုတ်ပြန်ခဲ့သော စားသုံးသူအကာကွယ်ပေးရေးဥပဒေတွင် စားသုံးသူများအကာအကွယ်ပေးရာတွင် အားနဲချက်များစွာရှိနေသောကြောင့် စားသုံးသူကာကွယ်ရေးဥပဒေကို ထပ်မံရေးဆွဲခဲ့ပြီး ၂၀၁၇ခုနှစ်၊ အောက်တိုဘာ နောက်ဆုံးပတ်တွင် နိုင်ငံတော်သတင်းစာမှ လူထုမှ ဆွေးနွေးအကြံပြုရန် ကြေငြာခဲ့ပါသည်။ သို့ဖြစ်ပါ၍ မြန်မာစားသုံးသူများသမဂ္ဂမှ နှစ်ရက်တာ စားသုံးသူကာကွယ်ရေး ဥပဒေကြမ်းအပေါ် စုပေါင်းတိုင်ပင် ညှိနှိုင်းဆွေးနွေးပွဲကိုကျင်းပပြီး ထိုဥပဒေအတွက် အသေးစိပ်ဆွေးနွေးပြီး အကြံဥာဏ်ကောင်းများ ပြင်ဆင်လိုသည့်အချက်များကိုရယူပြီး ရလဒ်များကို ပြန်လည်သုံးသပ်ကာ သက်ဆိုင်ရာအဖွဲ့စည်းသို့ ပြန်လည်တင်ပြအကြံပြုသွားမည် ဖြစ်ပါသည်။

ထိုဆွေးနွေးပွဲသို့ ဌာနဆိုင်ရာမှအရာရှိများ၊ အလှုရှင်အဖွဲ့အစည်းမှ ဧည့်သည်များ၊ စားသုံးသူကာကွယ်ရေး ဥပဒေအတွက် အလေးထားစိတ်ဝင်စားကြကုန်သော အရပ်ဖက်အဖွဲ့အစည်းများနှင့် ဥပဒေဆိုင်ရာ အဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များနှင့် အခြားစိတ်ဝင်စားကြသော မြန်မာစားသုံးသူများသမဂ္ဂ ရန်ကုန်၊ မန္တလေး၊ နေပြည်တော် နှင့် မော်လမြိုင်တို့မှ နာယကကြီးများ၊ အကြံပေးပုဂ္ဂိုလ်များ၊ အလုပ်အမှုဆောင်များ နှင့် အဖွဲ့ဝင်များ တက်ရောက်ဆွေးနွေး အကြံပြုခြင်းများပြုလုပ်ခဲ့ကြပါသည်။ ထိုဆွေးနွေးပွဲသို့ မြန်မာစားသုံးသူများသမဂ္ဂမှ ဥပဒေအကြံပေးပုဂ္ဂိုလ်ကြီးများ ဖြစ်ကြသော ဒေါ်မြတ်မြတ်ကျော်နှင့် ဦးလှမျိုးမြင့်တို့မှ အောင်မြင်စွာ ဦးဆောင်ဆွေးနွေးခဲ့ကြပါသည်။

 

About the Author

Leave a Reply

You may also like these