အစားအသောက်စံချိန်စံညွှန်းဆိုင်ရာ စားသုံးသူအသိပညာရေး နှီးနှောဆွေးနွေးပွဲ ပါဝင်တက်ရောက်

မြန်မာစားသုံသူများသမဂ္ဂသည် ၂၀၁၉ ခုနှစ်၊ ဇွန်လ (၁၈)ရက်နေ့တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး
ဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနရုံး၌ ဂျာမန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ၏ အကူအညီဖြင့်  စားသုံးသူရေးရာဦးစီးဌာန နှင့် မြန်မာစားသုံးသူများသမဂ္ဂတို့ ပူးပေါင်းကျင်းပသော အစားအသောက် စံချိန်စံညွှန်းဆိုင်ရာ စားသုံးသူအသိပညာရေး နှီးနှောဆွေးနွေးပွဲ အစည်းအဝေးသို့ ပါဝင်တက်ရောက်ခဲ့ကြပါသည်။

Ms Alice Pham. GIZ Consultant, ဂျာမန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ၏ ထောက်ပံ့မှုဖြင့် ဖနွမ်းပင်ဒေသတွင် နိုင်ငံတကာစားသုံးသူများအဖွဲ့နှင့် မြန်မာစားသုံးသူများသမဂ္ဂတို့
ပူးပေါင်းဆောင်ရွက်သော Snapshots from the MCU/Consumers International Survey ၏ တွေ့ရှိချက်များ၊ ခြုံငုံသုံးသပ်ချက်များကို ရှင်းလင်းတင်ပြခဲ့ပါသည်။

အဆိုပါပွဲသို့ မြန်မာစားသုံးသူများသမဂ္ဂမှ ဥက္ကဌ ပါမောက္ခ ဒေါက်တာ မာမာကြည်၊ တွဲဖက်အတွင်းရေးမှူး-၁ ဒေါက်တာ မိုမိုတင်နှင့် အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးအောင်နိုင်မင်းတို့ တက်ရောက်ခဲ့ကြပြီး အစားအသောက် စံချိန်စံညွှန်းများ၊ ဘေးကင်းလုံခြုံရေးနှင့် စားသုံးသူကာကွယ်ရေးရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြပါသည်။

 

 

 

 

About the Author

Leave a Reply

You may also like these