ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အခမ်းအနား တက္ကသိုလ်စိန်ရတုခန်းမ၌ကျင်းပ

မြန်မာစားသုံးသူများသမဂ္ဂမှ ကြီးမှူး၍ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အခမ်းအနားကို USAID ၏ကူညီထောက်ပံ့မှုဖြင့် ရန်ကုန်တက္ကသိုလ်စိန်ရတုခန်းမ၌ ၂၀၁၉ခုနှစ်၊ မတ်လ၊ ၁၅ရက်နေ့ တွင် နံနက် ၈း၃၀ မှ မွန်းလွဲ ၁း၀၀ နာရီထိ ကျင်းပခဲ့ပါသည်။ ထိုအခမ်းအနားတွင် မြန်မာစားသုံးသူများသမဂ္ဂ ဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာမာမာကြည်မှ လှိုက်လှဲစွာ ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားပြီးနောက် အလှုရှင် အဖွဲ့အစည်းဖြစ်သော USAID by Nathan Associates, Inc. မှ အကြီးအကဲဖြစ်သူ မစ္စတာ စတိဗ်ပါကာ နှင့် အထူးဖိတ်ကြားထားသော ဧည့်သည်တော်များ ကိုယ်စား အစားအသောက်နှင့်ဆေးဝါးကြီးကြပ်ကွပ်ကဲရေးဋ္ဌာန၊ ရန်ကုန်တိုင်းဒေသကြီးမှ ညွှန်ကြားရေးမှုး ဒေါက်တာမင်းဝဏ် တို့မှ အဖွင့်အမှာစကားများ ပြောကြားခဲ့ကြပါသည်။

ထို့နောက် နိုင်ငံတကာစားသုံးသူအဖွဲ့ချုပ် (Consumers International) မှ ပေးပို့သော ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အတွက် ပေးပို့လာသော သဝဏ်လွှာကို အကယ်ဒမီဒေါ်ဆွေဇင်ထိုက် (Grace) မှ တက်ရောက်လာသော ပရိတ်သတ်များကို  စားသုံးသူအခွင့်အရေးများအား အလေးထားစွာဖြင့် ဖတ်ကြားပေးခဲ့ပါသည်။

အုပ်စုအလိုက် မှတ်တမ်းတင်ဓါတ်ပုံများ ရိုက်ကူးပြီးစီးသည့်နောက် အတွင်းရေးမှူး ဦးမောင်မောင်က ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အကျဉ်းချုံးသမိုင်းကြောင်းနှင့် သမဂ္ဂအကြောင်းကို ရှင်းလင်းတင်ပြခဲ့ပါသည်။

ထို့နောက် မြန်မာစားသုံးသူများသမဂ္ဂမှ ဒု-ဥက္ကဋ္ဌ ဒေါက်တာဋ္ဌေးလွင်မှ ဦးဆောင်၍ “စားသုံးသူအခွင့်အရေးနှင့် စမတ်ထုတ်ကုန်များ” ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲ စကားဝိုင်းကို ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ်နှင့် MIDO အကြံပေးအဖွဲ့ဝင် ဦးနေဘုန်းလတ်၊ မြန်မာသတင်းပညာသိပ္ပံမှ အမှုဆောင်ညွှန်ကြားရေးမှုး ဦးကျော်မင်းဆွေ၊ စားသုံးသူရေးရာဦးစီးဋ္ဌာနမှ ညွှန်ကြားရေးမှုး ဦးရဲထွဋ်နိုင်၊ မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန မှ Senior Programme  Associate ဦးဝင်းမင်းနှင့် မြန်မာစားသုံးသူများသမဂ္ဂမှ တွဲဖက်အတွင်းရေးမှုး-၁ နှင့် စီမံကိန်းမန်နေဂျာ ဒေါက်တာမိုမိုတင် တို့မှ ဆွေးနွေး ခဲ့ကြပါသည်။

                       

      

ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ လူထုလှုပ်ရှားမှု (ပြည်သူ့ရင်ပြင်) မှတ်တမ်းများ

လင့်ခ် – http://www.myanmarconsumersunion.org/my/wcrd2019-campaign-mm/

About the Author

Leave a Reply

You may also like these