

Unicode Font

မြန်မာစားသုံးသူများသမဂ္ဂသည် ၂၀၁၉ ခုနှစ် ၊ ဇူလိုင်လ (၁၁) ရက်နေ့တွင် ဒဂုံတက္ကသိုလ်၌ ဒဂုံတက္ကသိုလ်ဥပဒေကျောင်းသားကျောင်းသူများအဖွဲ့အစည်းမှ ဦးဆောင်ကျင်းပသော စားသုံးသူကာကွယ်ရေး ဥပဒေ ရှုမြင်သုံးသပ်ဆွေးနွေးပွဲတွင် ပါဝင်ခဲ့ပါသည်။

အဆိုပါပွဲသို့ မြန်မာစားသုံးသူများသမဂ္ဂ အတွင်းရေးမှူး ဦးမောင်မောင်၊ ဘဏ္ဍာရေးမှူး ဦးဆန်းထူး၊ တွဲဖက် ဘဏ္ဍာရေးမှူး ဦးဆလိုင်းနိုင်းဟိုင်ကွန်း နှင့် အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးအောင်နိုင်မင်းတို့ တက်ရောက်ခဲ့ကြပြီး ဦးမောင်မောင်မှ စားသုံးသူကာကွယ်ရေးဥပဒေ ရှုမြင်သုံးသပ်ခြင်း စကားဝိုင်းဆွေးနွေးပွဲတွင် ဆွေးနွေးသူအဖြစ် ပါဝင်ခဲ့ပါသည်။ ဆွေးနွေးပွဲ စကားဝိုင်းတွင် ပါဝင်ဆွေးနွေးသူများမှာ – ဒေါ်ဆုသီရိအောင် – အာရှဥပဒေကျောင်းသားများအဖွဲ့အစည်း Asian Law Students Association (ALSA)၊  ဦးမင်းသိန်း – ဒု-ညွှန်ကြားရေးမှုး၊ စားသုံးသူရေးရာဦးစီးဋ္ဌာန၊ ဒေါ်ဆုလွင်ထိုက် – Myanmar Innovative Life Science (MILS) တို့ဖြစ်ကြပြီး ဒေါ်လွန်းပိ မှ ဆွေးနွေးပွဲစကားဝိုင်းကို ဦးဆောင်ဆွေးနွေး ခဲ့ပါသည်။