ကမ္ဘာ့အစားအစာဘေးကင်းလုံခြုံရေးနေ့ အထိမ်းအမှတ်အခမ်းအနားတွင် ပါဝင် (နေပြည်တော်)

မြန်မာစားသုံးသူများသမဂ္ဂသည် ၂၀၁၉ ခုနှစ် ဇွန်လ (၇) ရက်နေ့တွင်၊ နေပြည်တော် မင်္ဂလာသီရိဟိုတယ်၌  ကုလသမဂ္ဂစားနပ်ရိက္ခာနှင့်စိုက်ပျိုးရေးအဖွဲ့ မှ ကြီးမှူးကျင်းပသော ကမ္ဘာ့အစားအစာ ဘေးကင်းလုံခြုံရေးနေ့အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်ပါဝင်ခဲ့ပါသည်။ ထိုအထိမ်းအမှတ်နေ့ အခမ်းအနားသည် ၂၀၁၉ ခုနှစ်တွင်မှ ပထမဆုံးအကြိမ်ကျင်းပခြင်းဖြစ်၍ ဆောင်ပုဒ်မှာ “အစားအစာဘေးကင်းလုံခြုံရေး လူတိုင်းပါဝင်ဆောင်ရွက်ပေး” ဖြစ်ပါသည်။ ကုလသမဂ္ဂစားနပ်ရိက္ခာနှင့်စိုက်ပျိုးရေးအဖွဲ့ နှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့တို့သည် အစားအစာဘေးကင်းရေး၏ အရေးပါမှုကို အသိပညာမြှင့်တင်ပေးရန်နှင့် အစားအစာဘေးကင်းလုံခြုံမှုတိုးတက်ရေး ဘက်ပေါင်းစုံမှ လှုပ်ရှားဆောင်ရွက်နေကြသူများကို အားပေးရန် ကမ္ဘာ့အစားအစာဘေးကင်းလုံခြုံရေးနေ့ကို သတ်မှတ်ခဲ့သည်။ အဆိုပါ အခမ်းအနားသို့ မြန်မာစားသုံးသူများသမဂ္ဂမှ အတွင်းရေးမှူး ဦးမောင်မောင်နှင့်အတူ စီမံကိန်းအထောက်အကူ ဦးသိန်းထိုက်စိုးတို့ တက်ရောက်ခဲ့ကြပြီး ဦးမောင်မောင်မှ စားသုံးသူများ သိသင့်သိထိုက်သော စားသုံးသူပညာရေး အသိပညာဗဟုသုတများကို မျှဝေပြောကြားခဲ့ပြီး နိုင်ငံတကာစားသုံးသူများအဖွဲ့၏သုတေသနမှတ်တမ်းများအရ အစားအစားများတွင် ပဋိဇီဝဆေး အကြွင်းအကျန်များ၏ ကြီးမားသောအန္တရာယ်ကိုလည်း အနာဂတ်တွင် ခံစားရနိုင်ကြောင်း သတိပေးဆွေးနွေးခဲ့ပါသည်။

  

  

About the Author

Leave a Reply

You may also like these