မြန်မာစားသုံးသူများသမဂ္ဂ
အရည်အသွေးညံ့ဖျင်းသော ထုတ်ကုန်များ၊ အန္တရာယ်များပြီးဘေးဥပါဒ်မကင်းသော အစားအစာ၊ ဆေးဝါးများနှင့် အဖ က်ဖက်မှနိမ့်ကျလာသော ဝန်ဆောင်မှုများသည် စားသုံးသူပြည်သူများနှင့် သဘာဝ ပတ်ဝန်းကျင်ကို ဆိုးဆိုးဝါးဝါး သက်ရောက် မှုများရှိလာပါသည်။ သို့အတွက်ကြောင့်မို့ စားသုံးသူများ၊ စီးပွားရေးသမားများ နှင့် တာဝန်ရှိသူများကြားတွင် စားသုံးသူအခွင့်အရေးနှင့် ပတ်သက်၍ ပိုမိုကောင်းမွန်စွာ သိရှိနားလည်နိုင်ရန် အရေးတကြီး လိုအပ်လျက်ရှိနေသည်။ ထို့အတွက်ကြောင့်ပင် ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး၊ ဥပဒေရေးရာ၊ စိုက်ပျိုးရေး၊ အင်ဂျင်နီယာ၊ ဓာတုဗေဒ စသည့် နယ်ပယ်အသီးသီးမှ တတ်သိပညာရှင် (၁၅)ဦးဖြင့် အလုပ်အမှုဆောင်ဖွဲ့ကာ မြန်မာစားသုံးသူများသမဂ္ဂကို ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ၊ ၁၈ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ပြီး အသင်းအဖွဲ့မှတ်ပုံတင်အမှတ် (၁/ပြည်တွင်း/၀၄၈၅) ကို ရရှိပြီးဖြစ်ပါသည်။ မြန်မာစားသုံးသူများသမဂ္ဂသည် နိုင်ငံတကာစားသုံးသူအဖွဲ့ချုပ် (Consumers International) ၏ အဖွဲ့ဝင်အသင်းအဖွဲ့လည်းဖြစ်ပါသည်။ မြန်မာစားသုံးသူများသမဂ္ဂသည် အာဆီယံစားသုံးသူအသင်းများကွန်ရက် (ASEAN Consumers Associations Network -ACAN) ၏ အဖွဲ့ဝင်နိုင်ငံလည်းဖြစ်ပါသည်။
မြန်မာစားသုံးသူများသမဂ္ဂသည် အစိုးရဝန်ကြီးဌာနများ၏ အသိအမှတ်ပြုခြင်းခံရပြီး အခမ်းအနားများ၊ စားသုံးသူရေးရာများနှင့် ပတ်သက်သောအမှုကိစ္စရပ်များ ဖြေရှင်းရာတွင်လည်း အတိုင်ပင်ခံ အဖွဲ့အစည်းအဖြစ် အသိအမှတ်ပြု ဖိတ်ကြားခြင်းခံရပါသည်။ အထူးသဖြင့် စားသုံးသူကာကွယ်ရေး ဥပဒေမူကြမ်း အမျိုးသားအစားအသောက်ဆိုင်ရာ ဥပဒေမူကြမ်း၊ အမျိုးသားဆေးပစ္စည်းဥပဒေမူကြမ်းနှင့် အလှကုန် ပစ္စည်းဆိုင်ရာ ဥပဒေမူကြမ်းများရေးဆွဲရာတွင်လည်း တက်ကြွစွာ ပါဝင်ခဲ့ပြီး မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေးကော်မရှင် တွင်လည်း အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့ပါသည်။ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့် စားသုံးသူရေးရာ ကော်မတီများတွင်လည်း စားသုံးသူများ ကိုယ်စားအဖွဲ့ဝင်အဖြစ် ရပ်တည်လျက်ရှိနေပါသည်။
မြန်မာစားသုံးသူများသမဂ္ဂ အဖွဲ့အစည်း၏ သဘောသဘာဝအရ အဖွဲ့ဝင်များမှာ စေတနာ့ဝန်ထမ်းများဖြစ်ပြီး စားသုံးသူများ၏ နစ်နာမှုများကို တိုင်ကြားနိုင်သည့်စနစ်အား လက်လှမ်းမမီခြင်းနှင့် အဖွဲ့အစည်းလုပ်ငန်းများ လုပ်ဆောင်ရန်အတွက် လုပ်နိုင်စွမ်းရှိသော လူ့စွမ်းအားအရင်းအမြစ်များ အင်အားများ နည်းပါခြင်းတို့ရှိကြပါသည်။ ထိုပြဿနာများအား ကိုင်တွယ်ဖြေရှင်းရန်နှင့် မြန်မာနိုင်ငံနှင့် အရှေ့တောင်အာရှ နိုင်ငံများအတွင်းတွင် လေးစားကြည်ညို ယုံကြည်ရသော အဖွဲ့အစည်းဖြစ်လာစေရန်အတွက် မြန်မာစားသုံးသူများသမဂ္ဂအဖွဲ့ကို ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် စားသုံးသူများ၏ နစ်နာမှုများအား တိုင်ကြားရန်စနစ်များကို အကောင်အထည်ဖော်ရန်အတွက် USAID မှ တစ်နှစ်စာ စီမံကိန်းရံပုံငွေကို နှစ်ကြိမ်ပံ့ပိုးပေးခဲ့ပါသည်။
ထို့အပြင် မြန်မာနိုင်ငံတွင် စားသုံးသူပညာရေးလုပ်ငန်းများ လုပ်ဆောင်ရာတွင် ပညာပေးလုပ်ငန်းများ လုပ်ဆောင်မည့် သမဂ္ဂအဖွဲ့သားများ၏ အရည်အသွေးမြှင့်တင်ရန်နှင့် စားသုံးသူပညာပေးသင်တန်းဆရာများ ထွက်ပေါ်လာစေရန် ရည်ရွယ်၍ Consumertenbond က မြန်မာစားသုံးသူများသမဂ္ဂကို နိုင်ငံတကာ စားသုံးသူများ အဖွဲ့ချုပ် (Consumers International) မှတဆင့် ရံပုံငွေ (Anne Fransen Fund – AFF) ကို ပေးအပ်ခဲ့ပါသည်။ “မြန်မာနိုင်ငံ၏ စားသုံးသူပညာရေးကို မြှင့်တင်ဆောင်ရွက်ရေး” ခေါင်းစဉ်ဖြင့် တနှစ်တာစီမံချက်ကာလ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပါသည်။
ယခု ၂၀၂၀-၂၀၂၁ ခုနှစ်တွင်လည်း မြန်မာနိုင်ငံ၏ စားသုံးသူကာကွယ်ရေးလုပ်ငန်းစဉ်များအတွက် အထောက်အကူ ဖြစ်စေမည့် မြန်မာ့စားသုံးသူများအစီရင်ခံစာ (၂၀၂၀) ရေးသားထုတ်ဝေရန် အတွက် The German Agency for International Cooperation (GIZ) မှ မြန်မာစားသုံသူများသမဂ္ဂကို ထောက်ပံ့ပေးခဲ့ပါသည်။
စားသုံးသူတရားမျှတမှုဖြင့် သာယာသောကမ္ဘာလောကကိုတည်ဆောက်ရန်
ရည်မှန်းချက်
မြန်မာစားသုံးသူများသမဂ္ဂသည် စားသုံးသူရပိုင်ခွင့်အခွင့်အရေးဆိုင်ရာလုပ်ငန်းများကို မြန်မာနိုင်ငံတွင် သာမက ကမ္ဘာတွင်ပါ လုပ်ဆောင်နိုင်ပြီး နာမည်ကောင်းဖြင့် ကျော်ကြားသော စားသုံးသူအဖွဲ့အစည်း ဖြစ်လာရန် ရည်ရွယ်ပါသည်။
အခြေခံမူ (၃) ရပ်
၁။ ပါတီနိုင်ငံရေးကင်းရှင်းခြင်း (Non-Party Political)
၂။ အကျိုးအမြတ်မရှာခြင်း (Non-Profit)
၃။ စီးပွားရေးလုပ်ငန်းများမှ အထောက်အပံ့ လက်မခံခြင်း (not funded by business)
မြန်မာစားသုံးသူများသမဂ္ဂ
မြန်မာစားသုံးသူများသမဂ္ဂ
မြန်မာစားသုံးသူများသမဂ္ဂ
မြန်မာစားသုံးသူများသမဂ္ဂ
မြန်မာစားသုံးသူများသမဂ္ဂ
မြန်မာစားသုံးသူများသမဂ္ဂ
မြန်မာစားသုံးသူများသမဂ္ဂ
မြန်မာစားသုံးသူများသမဂ္ဂ
မြန်မာစားသုံးသူများသမဂ္ဂ
မြန်မာစားသုံးသူများသမဂ္ဂ
မြန်မာစားသုံးသူများသမဂ္ဂ
မြန်မာစားသုံးသူများသမဂ္ဂ
မြန်မာစားသုံးသူများသမဂ္ဂ
မြန်မာစားသုံးသူများသမဂ္ဂ
မြန်မာစားသုံးသူများသမဂ္ဂ(မန္တလေး)
မြန်မာစားသုံးသူများသမဂ္ဂ
မြန်မာစားသုံးသူများသမဂ္ဂ
မြန်မာစားသုံးသူများသမဂ္ဂ
မြန်မာစားသုံးသူများသမဂ္ဂ
မြန်မာစားသုံးသူများသမဂ္ဂ
မြန်မာစားသုံးသူများသမဂ္ဂ
မြန်မာစားသုံးသူများသမဂ္ဂ
မြန်မာစားသုံးသူများသမဂ္ဂ
မြန်မာစားသုံးသူများသမဂ္ဂ
မြန်မာစားသုံးသူများသမဂ္ဂ
မြန်မာစားသုံးသူများသမဂ္ဂ
မြန်မာစားသုံးသူများသမဂ္ဂ
မြန်မာစားသုံးသူများသမဂ္ဂ
မြန်မာစားသုံးသူများသမဂ္ဂ
မြန်မာစားသုံးသူများသမဂ္ဂ
မြန်မာစားသုံးသူများသမဂ္ဂ
မြန်မာစားသုံးသူများသမဂ္ဂ
မြန်မာစားသုံးသူများသမဂ္ဂ
မြန်မာစားသုံးသူများသမဂ္ဂ
မြန်မာစားသုံးသူများသမဂ္ဂ
မြန်မာစားသုံးသူများသမဂ္ဂ
မြန်မာစားသုံးသူများသမဂ္ဂ
မြန်မာစားသုံးသူများသမဂ္ဂ
မြန်မာစားသုံးသူများသမဂ္ဂ
မြန်မာစားသုံးသူများသမဂ္ဂ
မြန်မာစားသုံးသူများသမဂ္ဂ
မြန်မာစားသုံးသူများသမဂ္ဂ
မြန်မာစားသုံးသူများသမဂ္ဂ
မြန်မာစားသုံးသူများသမဂ္ဂ
မြန်မာစားသုံးသူများသမဂ္ဂ
မြန်မာစားသုံးသူများသမဂ္ဂ
မြန်မာစားသုံးသူများသမဂ္ဂ
မြန်မာစားသုံးသူများသမဂ္ဂ
မြန်မာစားသုံးသူများသမဂ္ဂ
မြန်မာစားသုံးသူများသမဂ္ဂ
မြန်မာစားသုံးသူများသမဂ္ဂ