အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ ဦးဆောင်၍ UN 75 Initiative အတွက် ၂၀၂၀ခုနှစ်၊ သြဂုတ်လ၊ ၂၆ရက်နေ့တွင် နေပြည်တော်၌ ကျင်းပပြုလုပ်သော “အစိုးရနှင့် ပြည်သူများအကြား ယုံကြည်မှု တည်ဆောက်ရေး” စကားဝိုင်းဆွေးနွေးပွဲ တွင် မြန်မာစားသုံးသူများသမဂ္ဂမှ အတွင်းရေးမှူး ဦးမောင်မောင်က ပါဝင်ဆွေးနွေးတင်ပြခဲ့ပါသည်။
ဆွေးနွေးပွဲတွင် ကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်က အဖွင့်အမှာစကားပြောကြားကာ ပါမောက္ခ ဒေါက်တာအောင်ထွန်းသက်က Keynote Speaker အဖြစ် ပြောကြားခဲ့ပါသည်။ ထို့နောက် ကော်မရှင်အဖွဲ့ဝင် ဦးဇော်ဝင်းက Moderator အဖြစ်ဆောင်ရွက်ပြီး ပြည်ထောင်စု ဝန်ကြီးဌာန (၁၆)ခု၊ ပြည်ထောင်စုအဆင့်အဖွဲ့အစည်း (၂)ခု၊ စီးပွားရေးအဖွဲ့အစည်း (၁)ခု၊ အရပ်ဘက်လူမှုအဖွဲ့အစည်း (၃)ခုနှင့် လူငယ်အဖွဲ့အစည်း (၁)ခု တို့မှ ကိုယ်စားလှယ်များက ပါဝင်ဆွေးနွေးခဲ့ကြပြီး ဘဏ်အဖွဲ့အစည်းများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ အစိုးရဝန်ထမ်းများ၊ တက္ကသိုလ်များမှ စိတ်ပါဝင်စားသူများက လေ့လာသူအဖြစ် တက်ရောက် ခဲ့ကြပါသည်။