-Unicode-
မြန်မာစားသုံးသူများသမဂ္ဂ အတွင်းရေးမှုး ဦးမောင်မောင်သည် ၂၀၁၉ခုှနှစ်၊ သြဂုတ်လ၊ ၈ ရက်နေ့တွင် တီဗွီ Channel K နံနက်ပိုင်း အစီအစဉ် (Morning Talk program) တွင် မြန်မာနိုင်ငံရှိ စားသုံးသူကာကွယ်ရေးနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြခဲ့ပါသည်။ ဦးမောင်မောင်မှ ယခင် ၂၀၁၄ စားသုံးသူအကာအကွယ်ပေးရေး ဥပဒေသည် ၅နှစ်ကြာပြီး အသစ်ဥပဒေ ၂၀၁၉ပင် ထွက်ရှိသော်လည်း နည်းဥပဒေ မထွက်ရှိခဲ့ သဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများ လုပ်ဆောင်ရာတွင် အခက်အခဲများ ရှိကြောင်းနှင့် ယခုအခါတွင်လည်း စားသုံးသူကာကွယ်ရေးပိုမိုထိရောက်စေရန် နည်းဥပဒေ မြန်မြန်ထွက်ရှိစေလိုကြောင်း ပြောကြားခဲ့ပါသည်။
မြန်မာစားသုံးသူများသမဂ္ဂ၏ အတွင်းရေးမှူး ဦးမောင်မောင်
ကုန်စည်များ၊ ဝန်ဆောင်မှုများကို စားသုံး၊သုံးစွဲရာမှာ နစ်နာမှု ကြုံတွေ့နေရတဲ့ စားသုံးသူတွေရဲ့ အရေးကို ဝိုင်းဝန်းဖြေရှင်းပေးဖို့ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတစ်ခု ရှိပါတယ်။ အဲဒါကတော့ မြန်မာစားသုံးသူများသမဂ္ဂပဲ ဖြစ်ပါတယ်။ မြန်မာစားသုံးသူများသမဂ္ဂရဲ့ လုပ်ဆောင်ချက်တွေက ဘာတွေလဲ၊ စားသုံးသူတွေအရေးကို ဖြေရှင်းပေးခြင်းကြောင့် ဘယ်လို အကျိုးကျေးဇူးတွေ ရရှိနိုင်သလဲ၊ တိုင်းပြည်တစ်ခု ဖွံ့ဖြိုးတိုးတက်ဖို့အတွက် စားသုံးသူအရေးကိစ္စက ဘယ်လောက်အတိုင်းအတာအထိ အရေးပါသလဲ ဆိုတာတွေအပြင် စားသုံးသူသမဂ္ဂရဲ့ အခန်းကဏ္ဍအကြောင်းတွေကို အသေးစိတ် သိရှိနိုင်ဖို့ မြန်မာစားသုံးသူသမဂ္ဂရဲ့ အတွင်းရေးမှူးဖြစ်သူ ဦးမောင်မောင် ကို Channel K ကို ဖိတ်ခေါ်မေးမြန်းထားပါတယ်။#channelk#channelkmyanmar#togetherweexplore#morningtalk#MyanmarConsumerUnion
Posted by Channel K on Wednesday, August 7, 2019