မြန်မာစားသုံးသူများသမဂ္ဂ အလုပ်အ ဆောင်အစည်းအဝေးကို ရန်ကုန်မြို့ ကမာရွတ် The Regency Offices အဆောက်အဦ၊ စကားဝါ အစည်းအဝေးခန်းမ၌ ၂၀၂၀ ခု ၊ ဇူလိုင်လ၊ ၇ ရက်နေ့တွင် ကျင်းပခဲ့ပါသည်။ ထိုအစည်းအဝေး၌ မြန်မာစားသုံးသူများသမဂ္ဂ အကြံပေးပုဂ္ဂိုလ် ဒေါက်တာဒေါ်မြင့်မြင့် ဒေါ်ကေသီ၊ မြန်မာစားသုံးသူများသမဂ္ဂ ဥက္ကဌ ပါမောက္ခဒေါက်တာမာမာကြည် အလုပ်အ ဆောင်အဖွဲ့ဝင် များက တက်ရောက်ကာ ၂၀၂၀ အတွင်းဆက်လက် လုပ်ဆောင်သွားရမည့် စားသုံးသူကာကွယ်ရေးဆိုင်ရာ လုပ်ငန်းစဥ်များကို ဆွေးနွေးခဲ့ကြပါသည်။