ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေးသည် (၁၂-၁-၂၀၂၀) ရက်နေ့ နေ့လယ်ပိုင်းအချိန်တွင် မြန်မာစားသုံးသူသမဂ္ဂ (Myanmar Consumers Union) ၏ နာယကဦးနီနှင့် အတွင်းရေးမှူး ဦးမောင်မောင်တို့ကို ရန်ကုန်တိုင်းဒေသကြီးရှိ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

ထိုသို့တွေ့ဆုံရာ၌ ကျောင်းမုန့်ဈေးတန်း၌ ဘေးအန္တရာယ်ကင်းရှင်း၍ ကျန်းမာရေးနှင့်ညီညွတ်သော အစားအစာများ ရောင်းချနိုင်ရေး ကျန်းမာရေးဌာန၊ ပညာရေးဌာနနှင့် ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များ၊ လမ်းဘေးဈေးဆိုင်များတွင် ရောင်းချသော အစားအသောက်များ ဘေးအန္တရာယ်ကင်း၍ စိတ်ချစွာစားသောက်နိုင်ရေးအတွက် ပညာပေးခြင်း၊ လေ့ကျင့်သင်ကြားခြင်း၊ သက်ဆိုင်သူအားလုံးနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ စစ်ဆေးကြပ်မတ်ခြင်း၊ အသိအမှတ်ပြုလက်မှတ်များ ထုတ်ပေးနိုင်ရေးကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။

အဆိုပါတွေ့ဆုံပွဲသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသာထွန်းကျော်၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာခင်ဇော်၊ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးဦး၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာခင်ချစ်၊ ရန်ကုန်တိုင်းဒေသကြီး အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှူး ဒေါက်တာမင်းဝန်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

             

Zawgyi

က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီးေဒါက္တာျမင့္ေထြးသည္ (၁၂-၁-၂၀၂၀) ရက္ေန႔ ေန႔လယ္ပိုင္းအခ်ိန္တြင္ ျမန္မာစားသုံးသူသမဂၢ (Myanmar Consumers Union) ၏ နယကဦးနီႏွင့္ အတြင္းေရးမႉး ဦးေမာင္ေမာင္တို႔ကို ရန္ကုန္တိုင္းေဒသႀကီးရွိ က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီး၏ ဧည့္ခန္းမ၌ လက္ခံေတြ႕ဆုံခဲ့ပါသည္။

ထိုသို႔ေတြ႕ဆုံရာ၌ ေက်ာင္းမုန႔္ေဈးတန္း၌ ေဘးအႏၲရာယ္ကင္းရွင္း၍ က်န္းမာေရးႏွင့္ညီညြတ္ေသာ အစားအစာမ်ား ေရာင္းခ်နိုင္ေရး က်န္းမာေရးဌာန၊ ပညာေရးဌာနႏွင့္ ပူးေပါင္းေဆာင္ရြက္ေရး ကိစၥရပ္မ်ား၊ လမ္းေဘးေဈးဆိုင္မ်ားတြင္ ေရာင္းခ်ေသာ အစားအေသာက္မ်ား ေဘးအႏၲရာယ္ကင္း၍ စိတ္ခ်စြာစားေသာက္နိုင္ေရးအတြက္ ပညာေပးျခင္း၊ ေလ့က်င့္သင္ၾကားျခင္း၊ သက္ဆိုင္သူအားလုံးႏွင့္ ပူးေပါင္းေဆာင္ရြက္ျခင္း၊ စစ္ေဆးၾကပ္မတ္ျခင္း၊ အသိအမွတ္ျပဳလက္မွတ္မ်ား ထုတ္ေပးနိုင္ေရးကိစၥရပ္မ်ားႏွင့္စပ္လ်ဥ္း၍ ေဆြးေႏြးခဲ့ၾကပါသည္။

အဆိုပါေတြ႕ဆုံပြဲသို႔ က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီး႐ုံး ညႊန္ၾကားေရးမႉးခ်ဳပ္ ေဒါက္တာသာထြန္းေက်ာ္၊ အစားအေသာက္ႏွင့္ေဆးဝါးကြပ္ကဲေရးဦးစီးဌာန ညႊန္ၾကားေရးမႉးခ်ဳပ္ ေဒါက္တာခင္ေဇာ္၊ ျပည္သူ႔က်န္းမာေရးႏွင့္ ကုသေရးဦးစီးဌာန ညႊန္ၾကားေရးမႉးခ်ဳပ္ ေဒါက္တာစိုးဦး၊ အစားအေသာက္ႏွင့္ေဆးဝါးကြပ္ကဲေရးဦးစီးဌာန ဒုတိယ ညႊန္ၾကားေရးမႉးခ်ဳပ္ ေဒါက္တာခင္ခ်စ္၊ ရန္ကုန္တိုင္းေဒသႀကီး အစားအေသာက္ႏွင့္ေဆးဝါးကြပ္ကဲေရးဦးစီးဌာနမႉး ေဒါက္တာမင္းဝန္ႏွင့္ တာဝန္ရွိသူမ်ား တက္ေရာက္ခဲ့ၾကပါသည္။

Source/Credit: ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန