စားသုံးသူရပိုင်ခွင့်အခွင့်အရေး အသိပညာပေး ဟောပြောပွဲ-စစ်ကိုင်း
မြန်မာစားသုံးသူများသမဂ္ဂမှ အတွင်းရေမှုးဦးမောင်မောင်၊ အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဆလိုင်းနိုင်ဟိုင်ကွန်း၊ ဦးထက်ဝင်းလှိုင် (MCU-မန္တလေးတိုင်းဒေသကြီး) တို့သည် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များစွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်(စစ်ကိုင်း) ၌ ၂၀၁၉ခုနှစ်၊ ဇန်နဝါရီလ၊ ၁၂ရက်နေ့တွင် `စားသုံးသူရပိုင်ခွင့်အခွင့်အရေး အသိပညာပေး ဟောပြောပွဲ´ကို ပြုလုပ်ခဲ့ပါသည်။