မြန်မာစားသုံးသူများသမဂ္ဂ ဒုတိယ ဥက္ကဌ ဒေါက်တာဌေးလွင်သည် ၂၀၁၉ ခုနှစ်၊ ဇွန်လ (၁၈) ရက်နေ့တွင် MRTV မှ ကျင်းပသော “မျက်မှောက်ရေးရာ အဖြာဖြာ” ဆွေးနွေးပွဲ TV Programme တွင် “ကျောင်းပတ်ဝန်းကျင်ရှိ အစားအစာတွေ သန့်ရှင်းလတ်ဆတ်ရဲ့လား” ခေါင်းစဉ်ဖြင့် ကျောင်းသားကျောင်းသူများ ကျန်းမာအဟာရဖြစ်စေသော အစားအစာများ ရွေးချယ်စားသုံးတတ်စေရေး နှင့် အစားအစာများနှင့် ပတ်သက်၍ စားသုံးသူနစ်နာမှုများကို တိုင်ကြားမှုစနစ်တို့ကို စားသုံးသူပညာရေးရှုထောင့်မှ ဆွေးနွေးခဲ့ပါသည်။
၂၀၁၉ ခုနှစ်၊ ဇွန်လ (၁၂) ရက်နေ့တွင်လည်း MRTV အစီအစဉ်မှ ကျောင်းမုန့်ဈေးတန်းများတွင် အဟာရမြှင့်တင်ရေး အကြောင်း ကို မြန်မာစားသုံးသူများသမဂ္ဂရုံးခန်း၌ လာရောက် အင်တာဗျူးရာတွင် သမဂ္ဂဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာမာမာကြည်မှ ဖြေကြားထားပါသည်။
Photo – #MRTV


https://www.youtube.com/watch?v=zrCsZEaQnjY
#MRTV-“Current Affairs”





