မြန်မာစားသုံးသူများသမဂ္ဂ ၃လပတ်အစည်းအဝေး

မြန်မာစားသုံးသူများသမဂ္ဂ ၃လပတ်အစည်းအဝေးကို ၂၀၁၇ ခုနှစ်၊ ဇူလိုင်လ၊ ၁၁ရက်(အင်္ဂါ)နေ့တွင် M3 Food Centere၊ ရွှေဂုံတိုင်၊ ရန်ကုန်မြို့တွင် ကျင်းပခဲ့ပါသည်။ ထိုအစည်းအဝေးသို့ ပြည်နယ်နှင့် တိုင်းဒေသကြီး (၈)ခုမှ မြန်မာစားသုံးသူများသမဂ္ဂ အဖွဲ့ဝင်များ တက်ရောက် ဆွေးနွေးခဲ့ကြပါသည်။ အစည်းအဝေးကို ဥက္ကဌ ပါမောက္ခ ဒေါက်တာဒေါ်မာမာကြည် မှ အဖွင့်အမှာစကားပြောကြားပြီး အွန်လိုင်းစားသုံးသူများတိုင်ကြားခြင်းစနစ်ကို စီမံကိန်းမန်နေဂျာ ဒေါက်တာမိုမိုတင်မှ ရှင်းလင်းတင်ပြခဲ့ပါသည်။ မြန်မာစားသုံးသူများသမဂ္ဂ ဝက်ဆိုက်တွင် အင်္ဂလိပ် မြန်မာ နှစ်မျိုးဖြင့်သုံးနိုင်ကြောင်းနှင့် အွန်လိုင်းတိုင်ကြားခြင်းကိုလဲ ဝက်ဆိုက်မှသော်လည်းကောင်း၊ မိုဘိုင်းအက်ပလီကေးရှင်းမှသော်လည်းကောင်း တိုင်ကြားနိုင်ကြောင်း ပြောကြားသွားပါသည်။

ထိုအစည်းအဝေးတွင် မြန်မာစားသုံးသူများသမဂ္ဂ (နေပြည်တော်ပြည်ထောင်စုနယ်မြေ) အားဖွဲ့စည်းခြင်း အခမ်းအနားကိုလဲ ပြုလုပ်ခဲ့ပါသည်။ ထို့နောက် အဖွဲ့ဝင်များက စားသုံးသူရေးရာ ပြသနာအခက်ခဲ အတွေ့ကြုံတင်ပြချက်များကို မြန်မာစားသုံးသူများသမဂ္ဂ အတွင်းရေးမှုး ဦးမောင်မောင်မှ ပြန်လည်ဆွေးနွေး သုံးသပ်ခဲ့ပါသည်။ ထို့အပြင် မြန်မာစားသုံးသူများသမဂ္ဂ ဥပဒေအကြံပေး ဦးလှမျိုးမြင့် တို့မှလဲ ဥပဒေကြောင်းဆိုင်ရာ အကြံပေးခြင်းများဖြင့် ဆွေးနွေးတင်ပြခဲ့ကြပါသည်။

About the Author

Leave a Reply

You may also like these