ကုန်အညွှန်းအမှတ်တံဆိပ်တွင် မြန်မာစာဖြင့်ဖော်ပြရန် အမိန့်ကြော်ငြာစာထုတ်ပြန်ရေး လုပ်ငန်းအဖွဲ့အစည်းအဝေး တက်ရောက်

မြန်မာစားသုံးသူများသမဂ္ဂ တွဲဖက်အတွင်းရေးမှုး-၁ ဒေါက်တာမိုမိုတင်သည် နေပြည်တော် ၁၆.၈.၂၀၁၈ ရက်နေ့တွင် ကျင်းပသော ကုန်အညွှန်းအမှတ်အသားများ တွင် သုံးစွဲပုံ ဘေးထွက်ဆိုးကျိုးရှိပုံတို့အား မြန်မာစာ သို့မဟုတ် မြန်မာစာ+အခြားဘာသာစကား ဖြင့် ဖော်ပြရန် အမိန့်ကြော်ငြာစာ ထုတ်ပြန်ရေး လုပ်ငန်းအဖွဲ့ အစည်းအဝေး (ဒုတိယအကြိမ်) ကို တက်ရောက်ခဲ့ပါသည်။

အစည်းအဝေး၏ အဓိကရည်ရွယ်ချက်မှာ စားသုံးသူအကာအကွယ်ပေးရေး လုပ်ငန်းများဆောင်ရွက်ရာတွင် ဥပဒေနှင့်အညီ စားသုံးသူ ကာကွယ်ပေးနိုင်ရန် ကုန်စည်များအပေါ်တွင် သုံးစွဲပုံအညွှန်းနှင့် ပက်သက်၍ မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာနှင့်အခြားဘာသာတွဲလျက်ဖြစ်စေ ဖော်ပြစေရေး အမိန့်ကြော်ငြာစာ ထုတ်ပြန်မည့်အစီအမံများ အသေးစိတ်ညှိနှိုင်းရန်ဖြစ်ပါသည်။

ဓါတ်ပုံ – စားသုံးသူရေးရာဦးစီးဌာန

About the Author

You may also like these