02-17-2022 |
By
admin |
No comments
စားသုံးသူများ၏ အင်တာနက်ဆိုင်ရာအရာများ (IoT) ၏ လုံခြုံရေးအတွက် Consumers International ၏ ပူးတွဲထုတ်ပြန်ကြေညာချက်ကို မြန်မာစားသုံးသူများသမဂ္ဂက ထောက်ခံခဲ့ပါသည်။ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် Consumers International သည် စက်မှုလုပ်ငန်းများမှ ခေါင်းဆောင်များ၊ စားသုံးသူအဖွဲ့များ၊ ဆိုက်ဘာလုံခြုံရေးညွန့်ပေါင်းများနှင့် အစိုးရအဖွဲ့အစည်းများမှ ထောက်ခံသူများ ၁၀၀ ကျော်ဖြင့် စားသုံးသူများ၏ အင်တာနက်ဆိုင်ရာအရာများ (IoT) ၏ လုံခြုံရေးဆိုင်ရာအတွက် တကမ္ဘာလုံးဆိုင်ရာ ကြေညာချက်ကို တရားဝင် ထုတ်ပြန်ကြေညာခဲ့သည်။ ၁။ Agenda Post- စမတ်အိမ်နှင့် ဝတ်ဆင်နိုင်သော စက်ပစ္စည်းများ လုံခြုံပါသလား။ “မဖြစ်မနေရှိရမည့်” လုံခြုံရေး ၅ ချက်အပေါ် တစ်ကမ္ဘာလုံး သဘောတူညီမှု Short URL: https://bit.ly/3sD4Syv Long URL: https://www.weforum.org/agenda/2022/02/5-security-must-haves-for-internet-connected-consumer-products […]
10-09-2020 |
By
|
No comments
မြန်မာ့စားသုံးသူရေးရာအစီရင်ခံစာထဲမှာ ဘယ်လိုထူးခြားချက်တွေ ပါဝင်မလဲဆိုသည့် အကြောင်းကို ၈.၁၀.၂၀၂၀ နေ့ Channel K Morning Talk အစီအစဥ်တွင် မငြိမ်းပြည့်စုံက မေးမြန်းခြင်းအား မြန်မာစားသုံးသူများသမဂ္ဂ အတွင်းရေးမှူး ဦးမောင်မောင်က ဆွေးနွေးတင်ပြခဲ့ပါသည်။ ထို့အပြင် အမျိုးသားစားသုံးသူကာကွယ်ရေး အစီအစဥ်နှင့် ပတ်သက်၍လည်း ဦးမောင်မောင်က ပြောကြားခဲ့ပါသည်။ (ဗီဒီယိုကြာချိန် -၁၅မိနစ်) #MCR2020 https://www.facebook.com/channelkmyanmar/videos/2403462199950412/
08-28-2020 |
By
|
No comments
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ ဦးဆောင်၍ UN 75 Initiative အတွက် ၂၀၂၀ခုနှစ်၊ သြဂုတ်လ၊ ၂၆ရက်နေ့တွင် နေပြည်တော်၌ ကျင်းပပြုလုပ်သော “အစိုးရနှင့် ပြည်သူများအကြား ယုံကြည်မှု တည်ဆောက်ရေး” စကားဝိုင်းဆွေးနွေးပွဲ တွင် မြန်မာစားသုံးသူများသမဂ္ဂမှ အတွင်းရေးမှူး ဦးမောင်မောင်က ပါဝင်ဆွေးနွေးတင်ပြခဲ့ပါသည်။ ဆွေးနွေးပွဲတွင် ကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်က အဖွင့်အမှာစကားပြောကြားကာ ပါမောက္ခ ဒေါက်တာအောင်ထွန်းသက်က Keynote Speaker အဖြစ် ပြောကြားခဲ့ပါသည်။ ထို့နောက် ကော်မရှင်အဖွဲ့ဝင် ဦးဇော်ဝင်းက Moderator အဖြစ်ဆောင်ရွက်ပြီး ပြည်ထောင်စု ဝန်ကြီးဌာန (၁၆)ခု၊ ပြည်ထောင်စုအဆင့်အဖွဲ့အစည်း (၂)ခု၊ စီးပွားရေးအဖွဲ့အစည်း (၁)ခု၊ အရပ်ဘက်လူမှုအဖွဲ့အစည်း (၃)ခုနှင့် လူငယ်အဖွဲ့အစည်း (၁)ခု တို့မှ ကိုယ်စားလှယ်များက ပါဝင်ဆွေးနွေးခဲ့ကြပြီး ဘဏ်အဖွဲ့အစည်းများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ အစိုးရဝန်ထမ်းများ၊ တက္ကသိုလ်များမှ စိတ်ပါဝင်စားသူများက […]