မြန်မာစားသုံးသူများသမဂ္ဂသည် အွန်လိုင်းမှတစ်ဆင့် စားသုံးသူများ တိုင်ကြားခြင်းစနစ်ကို မီဒီယာများအား ရှင်းလင်းတင်ပြခြင်း

မြန်မာစားသုံးသူများသမဂ္ဂသည် အွန်လိုင်းမှတစ်ဆင့် စားသုံးသူများ တိုင်ကြားခြင်းစနစ် (ဝက်ဆိုက်မှဖြစ်စေ၊ မိုဘိုင်းအက်ပလီကေးရှင်း မှဖြစ်စေ) ကို မီဒီယာများအား ရှင်းလင်းတင်ပြခြင်းပွဲ ကို
ယနေ့ ၂၀၁၇ခုနှစ်၊ ဇွန်လ၊ ၁၄ရက်နေ့တွင် ရန်ကုန်မြို့ ကျောက်တံတားမြို့နယ်၊ ဖန်တီးရာ ခန်းမတွင် အောင်မြင်စွာ ကျင်းပခဲ့ပါသည်။

ထိုအခမ်းအနားတွင် အတွင်းရေးမှုး ဦးမောင်မောင်မှ မြန်မာစားသုံးသူများသမဂ္ဂ အကြောင်းကို မိတ်ဆက်ပြောကြခဲ့ပြီး ဒေါက်တာသိန်းဟန်၊ ဒေါက်တာမိုမိုတင်နှင့် ဦးထက်ဝင်းလှိုင်တို့မှ အွန်လိုင်းမှတစ်ဆင့် စားသုံးသူများ တိုင်ကြားခြင်းအကြောင်းကို ရှင်းလင်းပြသခဲ့ကြပါသည်။

ထို့နောက် မြန်မာစားသုံးသူများသမဂ္ဂမှ မီဒီယာသတင်းဌာနများမှ မေးကြားသည်များကို ပြန်လည်ဖြေကြားခဲ့ကြပါသည်။

   

About the Author

Leave a Reply

You may also like these