စားသုံးသူဆိုင်ရာအသိပညာပေး ဟောပြောပွဲ အထက(၁) ပျဉ်းမနားမြို့တွင်ပြုလုပ်

မြန်မာစားသုံးသူများသမဂ္ဂသည် စားသုံးသူဆိုင်ရာအသိပညာပေးပွဲကို အထက(၁) ပျဉ်းမနား၊ နေပြည်တော်တွင် ၂၀၁၈ ခုနှစ်၊ ဇွန်လ၊ ၂၉ရက်နေ့ မျှဝေဟောပြောခဲ့ပါသည်။ အထက (၁) ပျဉ်းမနား အထက်တန်းကျောင်းသည် ထိုနေ့တွင် ၂၀၁၇-၂၀၁၈ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသူကျောင်းသားများအား ဆုပေးပွဲနှင့် မိဘဆရာအသင်းနှစ်ပတ်လည် အစည်းအဝေးကိုကျင်းပခဲ့ရာ ထိုအခမ်းအနားတွင် မြန်မာစားသုံးသူများသမဂ္ဂမှာ စားသုံးသူအသိပညာပေး ဟောပြောပေးပါရန် မြန်မာစားသုံးသူများသမဂ္ဂ (နေပြည်တော်) မှတစ်ဆင့် စီစဉ်ဖိတ်ကြားလာခဲ့ပါသည်။

သို့ဖြစ်ပါ၍ မြန်မာစားသုံးသူများသမဂ္ဂမှ နာယက ဒေါက်တာဌေးလွင်၊ ဒု-ဥက္ကဌ ဦးတိုးထွန်း၊ အတွင်းရေးမှုး ဦးမောင်မောင်နှင့် အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းအေးတို့မှ ရန်ကုန်မှ သွားရောက်ကာ အခမ်းအနားတက်ရောက်ခဲ့ပြီး အခမ်းအနားတွင် အတွင်းရေးမှုး ဦးမောင်မောင်မှ စားသုံးသူပညာပေး ဟောပြောပွဲကို ပြုလုပ်ခဲ့ပါသည်။ ထိုအခမ်းအနားသို့ ကျောင်းသူကျောင်းသား၊ ဆရာဆရာမ၊ မိဘများ နှင့် ဌာနဆိုင်ရာမှ ပုဂ္ဂိုလ်   များအပါအဝင် စုစုပေါင်း လူဦးရေ ၁၀၀ ကျော်တက်ရောက် နားထောင်ခဲ့ပါသည်။

   

About the Author

Leave a Reply

You may also like these