မြန်မာစားသုံးသူများသမဂ္ဂသည် စစ်ကိုင်းပညာရေးတက္ကသိုလ်၌ ၁၄.၁.၂၀၁၉ ရက်နေ့တွင် “စားသုံးသူရပိုင်ခွင့်အခွင့်အရေး အသိပညာပေးဟောပြောပွဲ” ကို အစီအစဉ် ၆ ခုဖြင့် ဟောပြောကျင်းပခဲ့ရာ ဒုတိယပါမောက္ခချုပ် ဒေါက်တာမြတ်မြတ်သော်မှ အဖွင့်နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပါသည်။ ထို့နောက် လာရောက်ဟောပြောဆွေးနွေးသော မြန်မားစားသုံးသူများသမဂ္ဂ အတွင်းရေးမှုး ဦးမောင်မောင်၊ အလုပ်အမှုဆောင်အဖွဲ့ဝင် ဆလိုင်းနိုင်ဟိုင်ကွန်းနှင့် မြန်မာစားသုံးသူများသမဂ္ဂ(မန္တလေး) အတွင်းရေးမှူး ဦးထက်ဝင်းလှိုင် တို့ကို လက်ဆောင်ပစ္စည်းများ ပြန်လည်ပေးအပ်ခဲ့ပါသည်။
ဟောပြောပွဲတွင် စားသုံးသူများ၏ ရပိုင်ခွင့်အခွင့်အရေးများအကြောင်းကို အလေးထားဆွေးနွေးပြီးနောက် စားသုံးသူများ၏ တာဝန်နှင့်ဝတ္တရားအကြောင်း ဆက်လက်ဆွေးနွေးတင်ပြပါသည်။
စားသုံးသူများ၏ နစ်နာမှုများကို တိုင်ကြားနိုင်ရန်အတွက် online complaint system အကြောင်းကိုလည်း မိတ်ဆက်ကြော်ငြာသွားပါသည်။ အမှန်တကယ် နစ်နာပါက အချက်အလက်တိကျစွာဖြင့်တိုင်ကြားရန်လည်း အလေးထားတိုက်တွန်းသွားပါသည်။