မြန်မာစားသုံးသူများသမဂ္ဂမှ အလုပ်ကြော်ငြာခြင်း

မြန်မာစားသုံးသူများသမဂ္ဂ (MCU) သည် အစိုးရမဟုတ်သော အရပ်ဖက်လူမှုအဖွဲ့အစည်းဖြစ်ပြီး စားသုံးသူများ၊ စီးပွားရေးသမားများ နှင့် တာဝန်ရှိသူများကြားတွင် အရည်သွေးပြည့်မှီသော ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုများရရှိစေရန်  စားသုံးသူအခွင့်အရေးနှင့် ပတ်သက်၍ ပိုမိုကောင်းမွန်စွာ သိရှိနားလည်နိုင်ရန် အရေးတကြီး လိုအပ်လျက်ရှိနေသောကြောင့် ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး၊ ဥပဒေရေးရာ၊ စိုက်ပျိုးရေး၊ အင်ဂျင်နီယာ၊ ဓာတုဗေဒ စသည့် နယ်ပယ်အသီးသီးမှ တတ်သိပညာရှင် (၁၅)ဦးဖြင့် အလုပ်အမှုဆောင်ဖွဲ့ကာ မြန်မာစားသုံးသူများသမဂ္ဂကို ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ၊ ၁၈ ရက်နေ့တွင် စတင်တည်ထောင်ခဲ့ပါသည်။

မြန်မာစားသုံးသူများသမဂ္ဂ၏ မျှော်မှန်းချက် မှာ “စားသုံးသူတရားမျှတမှုဖြင့် သာယာသောကမ္ဘာလောကကို တည်ဆောက်ရန်” ဖြစ်ပြီး  ရည်မှန်းချက် မှာ “မြန်မာစားသုံးသူများသမဂ္ဂသည် စားသုံးသူအခွင့်အရေးဆိုင်ရာ လုပ်ငန်းများကို မြန်မာနိုင်ငံတွင် သာမက ကမ္ဘာတွင်ပါ လုပ်ဆောင်နိုင်ပြီး နာမည်ကောင်းဖြင့်ကျော်ကြားသော စားသုံးသူအဖွဲ့အစည်း ဖြစ်လာစေရန် ရည်ရွယ်ပါသည်။

သမဂ္ဂ၏ ဆောင်ပုဒ်မှာ “အသိပညာ ပေးခြင်းဖြင့် စားသုံးသူအန္တရာယ် ကင်းရှင်းရေး နှင့် စားသုံးသူအခွင့်အရေးရရှိစေရေး” ဖြစ်ပြီး၊

အခြေခံမူဝါဒ(၃)ရပ်မှာ – ပါတီနိုင်ငံရေး ကင်းရှင်းခြင်း၊ အကျိုးအမြတ်မရှာခြင်း နှင့် စီးပွားရေးလုပ်ငန်းများမှ ထောက်ပံ့ငွေမယူခြင်း တို့ဖြစ်သည်။

အဖွဲ့အစည်း၏ ရည်မှန်းချက်များကို အောင်အောင်မြင်မြင် အကောင်အထည် ဖော်နိုင်ရန်အတွက် နိုင်ငံတကာဖွံ့ဖြိုးရေးဆိုင်ရာအမေရိကန်အေဂျင်စီ (USAID)  မှ စီမံကိန်း အကောင်ထည် ဖော်ဆောင်ရွက်ရန် ကူညီထောက်ပံ့ခဲ့ပါသည်။ ထို စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်ရန် အောက်ပါ လစ်လပ်နေရာများ အတွက် လျှောက်လွှာခေါ်ယူ နေပါသည်။ အသေးစိပ် အလုပ်ခေါ်ယူကြော်ငြာများကို အောက်ပါ လင့်ခ်များကို နှိပ်၍ ဖတ်ရှု ဒေါင်းလုပ်လုပ်နိုင်ပါသည်။

1. Project Officer

https://www.myanmarconsumersunion.org/wp-content/uploads/2018/08/MCU-PO.pdf 

2. Fundraising/Development/Communication Officer

https://www.myanmarconsumersunion.org/wp-content/uploads/2018/08/MCU-FDC.pdf

3. Admin/Finance Officer

https://www.myanmarconsumersunion.org/wp-content/uploads/2018/08/MCU-AdminFinance.pdf

4. Project Assistant

https://www.myanmarconsumersunion.org/wp-content/uploads/2018/08/MCU-PA.pdf

အလုပ်လျှောက်လွှာစတင် တင်နိုင်သည့်နေ့ရက် ၂၃.၈.၂၀၁၈

အလုပ်လျှော်လွှာနောက်ဆုံးလက်ခံမည့်နေ့ရက် ၁၀.၉.၂၀၁၈

လျှောက်လွှာများကို စာတိုက်မှတစ်ဆင့် အောက်ပါလိပ်စာ သို့လည်းကောင်း

ဦးမောင်မောင် (အတွင်းရေးမှုး)
မြန်မာစားသုံးသူများသမဂ္ဂ
အမှတ် ၁၀၃/၁၊ ကမ္ဘာအေးဘုရားလမ်း၊ ဗဟန်း၊ ရန်ကုန်မြို့။

အီးမေးဖြင့် [email protected] သို့ လျှောက်ထားမည့် ရာထူးအမည် ကို ရေး၍ပေးပို့နိုင်ပါသည်။

 

About the Author

You may also like these