Myanmar NCD Alliance -Press Briefing on 8th Oct. 2018

မြန်မာနိုင်ငံမကူးစက်သောရောဂါများဆိုင်ရာ မဟာမိတ်အဖွဲ့ (Myanmar NCD Alliance) ၏ ဖွဲ့စည်းထားရှိမှုနှင့် ရှေ့လုပ်ငန်းစဉ်များအပေါ် သတင်းမီဒီယာများသို့ အသိပေးရှင်းလင်းပွဲ

မြန်မာစားသုံးသူများသမဂ္ဂ ဥက္ကဌ ပါမောက္ခဒေါက်တာမာမာကြည်  သည် ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ၊ ၈ရက်နေ့တွင် ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်း၌ ကျင်းပသော မြန်မာနိုင်ငံမကူးစက်သောရောဂါများဆိုင်ရာ မဟာမိတ်အဖွဲ့ (Myanmar NCD Alliance) ၏ ဖွဲ့စည်းထားရှိမှုနှင့် ရှေ့လုပ်ငန်းစဉ်များအပေါ် သတင်းမီဒီယာများသို့ အသိပေးရှင်းလင်းပွဲသို့ တက်ရောက်ခဲ့ပါသည်။

မြန်မာနိုင်ငံမကူးစက်သောရောဂါများဆိုင်ရာ မဟာမိတ်အဖွဲ့ (Myanmar NCD Alliance) ကို ကမ္ဘာလုံးဆိုင်ရာ မကူးစက်သောရောဂါများဆိုင်ရာ မဟာမိတ်အဖွဲ့ (Global NCD Alliance) ၏ ကူညီထောက်ပံ့မှုဖြင့် ဒေသတွင်း အစိုးရမဟုတ်သော အဖွဲ့အစည်းနှင့် အရပ်ဖက်ဆိုင်ရာ အဖွဲ့အစည်းပေါင်း (၁၈)ဖွဲ့ဖြင့် ၂၀၁၈ ခုနှစ် ဇွန်လ ၂၉ရက်နေ့တွင် သဘောတူစာချွန်လွှာရေးထိုးခဲ့ပြီး မြန်မာစားသုံးသူများသမဂ္ဂမှလည်း အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့သည်။

Photo credit: Myanmar International TV

About the Author

You may also like these