မြန်မာ့စားသုံးသူများအရေး အစီရင်ခံစာတမ်း

ဤစာတမ်းသည် မြန်မာစားသုံးသူများသမဂ္ဂ (MCU) မှ ကြီးမှူး၍ တိုင်းနှင့်ပြည်နယ်(၈)ခုတို့တွင် ကျင်းပသော အလုပ်ရုံဆွေးနွေးပွဲများ၊ စာတမ်းဖတ်ပွဲများ၊ ပညာပေးပွဲများနှင့် စစ်တမ်းကောက်ယူရာမှ ရရှိသော  အချက်အလက်များအပြင်၊ MCU မှ ဖန်တီးတည်ဆောက်ထားသော အွန်လိုင်းမှတဆင့် စားသုံးသူရေးရာများတိုင်ကြားနိုင်သည့်စနစ် မှ ရရှိသော အချက်အလက်များကို အဓိက အခြေခံပြီး ရေးသားပြုစုခြင်းဖြစ်သည်။ အွန်လိုင်းမှတဆင့် စားသုံးသူရေးရာများ တိုင်ကြားနိုင်သည့် စနစ်မှာလည်း ဤစာတမ်းအခြေခံသည့် နိုင်ငံတကာဖွံ့ဖြိုးရေးဆိုင်ရာအမေရိကန်အေဂျင်စီ (USAID)  ၏ ကူညီထောက်ပံ့မှုဖြင့် စီမံကိန်းအကောင်အထည်ဖော်ကာလ တစ်နှစ်တာ အတွင်း မြန်မာစားသုံးသူများသမဂ္ဂ (MCU) မှ ဖန်တီးတည်ဆောက်ထားခြင်း ဖြစ်ပါသည်။

ဤစာတမ်းအတွက် လေ့လာမှုများအရ စားသုံးသူအများစုမှာ မိမိတို့၏ စားသုံးသူများအခွင့်အရေး နှင့်ပတ်သက်၍ သိရှိနားလည်မှုအားနည်းသကဲ့သို့ အခွင့်အရေးချိုးဖောက်ခံရပါကလည်း တိုင်ကြားမှုစနစ်များနှင့် အကျွမ်းတဝင်မရှိကြကာ မတိုင်ကြားတတ်ကြပေ။ စားသုံးသူအများစုမှာ အစားအသောက် ဘေးကင်းလုံခြုံမှုကို အဓိကစိုးရိမ်ပူပန်ကြသည်ကိုလည်း တွေ့ရှိရသည်။  အရည်အသွေးညံ့ဖျင်းသော စံမမှီ ထုတ်ကုန်/ဝန်ဆောင်မှုများသည်လည်း စားသုံးသူများအပေါ် သက်ရောက်မှုအကြီးဆုံး စားသုံးသူဆိုင်ရာ ပြဿနာများထဲမှ တစ်ချက်ဖြစ်နေပါသည်။ သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုလုပ်ငန်းများ၊ (အစားအစာ၊ စွမ်းအင် နှင့် ရေ စသည့် စည်ပင်နှင့်ဆိုင်သော) အခြေခံကျသည့်အများပြည်သူသုံး ဝန်ဆောင်မှုများ၊ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး၊ ကျန်းမာရေးစောင့်ရှောက်မှု နှင့် တယ်လီဖုန်းဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်းများသည် စားသုံးသူများမှ ကျေနပ်မှုမရှိကြောင်း အများဆုံး ဖွင့်ဟပြောကြားကြသည့် လုပ်ငန်းများဖြစ်ကြပါသည်။

MCU မှ ကျင်းပသော အခမ်းအနား သင်တန်း ဆွေးနွေးပွဲများ၊ အင်တာဗျူးများ နှင့် သုတေသနစစ်တမ်းများအရ မြန်မာနိုင်ငံ တွင် စားသုံးသူများအား အကာအကွယ်ပေးနိုင်ရေးအတွက် စားသုံးသူအသိပညာပေးရေးနှင့်ပြည်သူအများ အသိအမြင်တိုးတက်ပွင့်လင်းရေးသည် အရေးအကြီး ဆုံး  လုပ်ငန်းဆောင်တာ တစ်ရပ်ဖြစ်သည်ကို တွေ့ရှိ ရသည်။ ထို့ပြင် စားသုံးသူအကာအကွယ် ပေးရေးဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများ၏ တာဝန်ယူမှု၊ တာဝန်ခံမှု နှင့် ပွင့်လင်းမြင်သာမှုရှိရေးသာမက အန္တရာယ်ကင်း၍ အရည်အသွေးကောင်းမွန်သော ထုတ်ကုန်/ဝန်ဆောင်မှုများ လက်လှမ်းမှီ ရရှိနိုင်ရေးသည် လည်း အရေးကြီးသော အချက်များဖြစ်သည်။ ဤအစီရင်ခံစာတမ်းတွင် မြန်မာနိုင်ငံရှိ စားသုံးသူကာကွယ်ရေးဆိုင်ရာ လှုပ်ရှားမှုများ၊ စားသုံးသူများကြုံတွေ့နေရသော ပြဿနာများ၊ စားသုံးသူအကာအကွယ်ပေးရေးတွင် ရင်ဆိုင်နေရသည့် အခက်အခဲများ၊ စားသုံးသူများ အကာအကွယ်ရရှိမှု အခြေအနေ၊ စားသုံးသူများအတွက် အထွေထွေစီမံချက်များ နှင့် ကဏ္ဍအလိုက် စီမံချက်များ၊ စားသုံးသူများအတွက် ဥပဒေအကာအကွယ် လိုအပ်ချက်များ စသည်တို့ ပါရှိပါသည်။

Download http://www.myanmarconsumersunion.org/wp-content/uploads/2018/03/Myanmar-Consumer-Report-2017mm.pdf

About the Author

Leave a Reply

You may also like these