ကမ္ဘာ့စားသုံးသူ အခွင့်အရေးများနေ့ (၁၅.၃.၂၀၁၈)

စားသုံးသူရေးရာဦးစီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ကြီးမှုးကျင်းပသော ကမ္ဘာ့စားသုံးသူ အခွင့်အရေးများနေ့ကို  နေပြည်တော် Horizon Lake View Resort  တွင် ၂၀၁၈ ခုနှစ်၊ မတ်လ၊ ၁၅ ရက်နေ့တွင် မြန်မာစားသုံးသူများသမဂ္ဂမှ ပါဝင်ဆင်နွှဲခဲ့ပါသည်။ ကမ္ဘာ့စားသုံးသူ အခွင့်အရေးများနေ့ကို နံနက် ၉း၀၀ နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီးဦးသန်းမြင့်မှ ဦးစီး၍ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပါသည်။

ထိုအခမ်းအနားတွင် မြန်မာစားသုံးသူများသမဂ္ဂမှ နာယကများ ဥက္ကဌအပါအဝင် အလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ အဖွဲ့ဝင်များ ရန်ကုန်၊ နေပြည်တော်၊ မော်လမြိုင်မြို့တို့မှ စုစုပေါင်း (၃၀) ဦး တက်ရောက်ပါဝင်ဆင်နွှဲခဲ့ကြပါသည်။ မြန်မာစားသုံးသူများသမဂ္ဂမှ ပြခန်းများတွင် ပါဝင်ပြသခြင်း၊ စားသုံးသူကာကွယ်ရေး ဆွေးနွေးပွဲတွင် ပါဝင်ဆွေးနွေးခဲ့ခြင်းများဖြင့် ပါဝင် ဆင်နွှဲခဲ့ပါသည်။ ထိုအခမ်းအနားတွင် ပြခန်းသို့ လာရောက်ကြည့်ရှုသော ဧည့်သည်များကိုလည်း MCU မှထုတ်ဝေထားသော Myanmar Consumer Report ကို ဘာသာပြန်ထားသော မြန်မာ့စားသုံးသူ အစီရင်ခံစာတမ်း စာအုပ်ကိုလည်း ပေးဝေခဲ့ပါသည်။

မြန်မာစားသုံးသူများသမဂ္ဂသည် ကမ္ဘာ့စားသုံးသူ အခွင့်အရေးများနေ့ ကို ၂၀၁၃ ခုနှစ် မတ်လ ၁၅ ရက်နေ့မှစ၍ မြန်မာနိုင်ငံတွင် ပထမဦးဆုံးအကြိမ်စတင် ဦးဆောင်ကျင်းပခဲ့ပြီး ယခု ၆ကြိမ်မြောက်တွင် စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးကျင်းပသော အခမ်းအနားတွင် ပါဝင်ဆင်နွှဲခဲ့ခြင်းဖြစ်ပါသည်။ မြန်မာစားသုံးသူများသမဂ္ဂသည်  နိုင်ငံတကာစားသုံးသူ အဖွဲ့ချုပ် (Consumers International) မှ ကမ္ဘာ့စားသုံးသူရေးရာများနှင့် လိုက်လျောညီထွေ ထုတ်ပြန်ထားသော အောက်ပါဆောင်ပုဒ်များနှင့်အတူ ၂၀၁၃ ခုနှစ်၊ မတ်လ၊ ၁၅ ရက်နေ့မှစ၍ ကမ္ဘာ့စားသုံးသူ အခွင့်အရေးများနေ့ကို နှစ်စဉ်ကျင်းပ၊ဆင်နွှဲခဲ့ပါသည်။

ကမ္ဘာ့စားသုံးသူ အခွင့်အရေးများနေ့ဆောင်ပုဒ်များ (World Consumer Rights Day Themes)
—————————————-
WCRD-2108: “Making Digital Marketplaces Fairer” (ဆဌမအကြိမ်-နေပြည်တော် စားသုံးသူရေးရာဦးစီးဌာနနှင့်အတူ)
WCRD-2017: “Building A Digital World Consumer Can Trust” (ပဉ္စမအကြိမ်-IBC ပြည်လမ်း)
WCRD-2016: “Antibiotics off the Menu” (စတုတ္ထအကြိမ်-CBC, တက္ကသိုလ်ရိပ်သာလမ်းသစ်)
WCRD-2015: “Healthy Diets” (တတိယအကြိမ်- ရန်ကုန်မြို့တော်ခန်းမ)
WCRD-2014: “Fix Our Phone Rights” (ဒုတိယ်အကြိမ် – MPC)
WCRD-2013: “Consumer Justice Now” (ပထမအကြိမ်-စကားဝါခန်းမ ဒိုင်းမွန်းကွန်ဒို)

           

About the Author

Leave a Reply

You may also like these