မြန်မာစားသုံးသူများသမဂ္ဂ ၃လပတ်အစည်းအဝေး

မြန်မာစားသုံးသူများသမဂ္ဂ ၃လပတ်အစည်းအဝေးကို ၂၀၁၇ ခုနှစ်၊ မေလ၊ ၅ရက်နေ့တွင် M3 Food Centere၊ ရွှေဂုံတိုင်၊ ရန်ကုန်မြို့တွင် ကျင်းပခဲ့ပါသည်။ ထိုအစည်းအဝေးသို့ ပြည်နယ်နှင့် တိုင်းဒေသကြီး (၈)ခုမှ မြန်မာစားသုံးသူများသမဂ္ဂ အဖွဲ့ဝင်များ တက်ရောက် ဆွေးနွေးခဲ့ကြပါသည်။ အစည်းအဝေးကို ဥက္ကဌ ပါမောက္ခ ဒေါက်တာဒေါ်မာမာကြည် မှ အဖွင့်အမှာစကားပြောကြားပြီး အွန်လိုင်းစားသုံးသူများတိုင်ကြားခြင်းစနစ်ကို စီမံကိန်းမန်နေဂျာ ဒေါက်တာမိုမိုတင်မှ မိတ်ဆက်ပြသခဲ့ပါသည်။ မြန်မာစားသုံးသူများသမဂ္ဂ ဝက်ဆိုက်တွင် အင်္ဂလိပ် မြန်မာ နှစ်မျိုးဖြင့်သုံးနိုင်ကြောင်းနှင့် အွန်လိုင်းတိုင်ကြားခြင်းကိုလဲ ဝက်ဆိုက်မှသော်လည်းကောင်း၊ မိုဘိုင်းအက်ပလီကေးရှင်းမှသော်လည်းကောင်း တိုင်ကြားနိုင်ကြောင်း ပြောကြားသွားပါသည်။ ထို့အပြင် စားသုံးသူဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဝါဝါခိုင်မှလဲ စားသုံးသူအငြင်းပွားမှုဖြေရှင်း အကြောင်းကို ရှင်းလင်းတင်ပြခဲ့ပါသည်။ ထိုအစည်းအဝေးတွင် မြန်မာစားသုံးသူများသမဂ္ဂ (မန္တလေးတိုင်းဒေသကြီး) အားပြန်လည်ဖွဲ့စည်းခြင်းနှင့် မြန်မာစားသုံးသူများသမဂ္ဂ (မွန်ပြည်နယ်) ဖွဲ့စည်းခြင်းအခန်းအနားကိုလဲ ပြုလုပ်ခဲ့ပါသည်။ […]


စားသုံးသူအခက်ခဲ ပြသနာများအား အခြေပြု အလုပ်ရုံဆွေးနွေးပွဲ

စားသုံးသူများ၏ အခက်အခဲ ပြသနာများအပေါ် အခြေခံသော အလုပ်ရုံဆွေးနွေးပဲအား ၂၀၁၇ ခုနှစ်၊ မေလ၊ ၄ရက်နေ့တွင် M3 Food Centre, ရွှေဂုံတိုင်၊ ရန်ကုန်မြို့တွင်ကျင်းပခဲ့ပါသည်။ ထိုဆွေးနွေးပွဲသို့ ရန်ကုန်မြို့နေ မြန်မာစားသုံးသူများသမဂ္ဂအဖွဲ့ဝင်များသာမက တိုင်းနှင့်ပြည်နယ် (၈) ခုမှ အဖွဲ့ဝင်များပါ ပါဝင်တက်ရောက်ပြီး မိမိတို့ဒေသများရှိ စားသုံးသူများဆိုင်ရာ အခက်အခဲ အတွေ့အကြုံများအား ဆွေးနွေးဖလှယ်ခဲ့ကြပါသည်။ ထိုအလုပ်ရုံဆွေးနွေးပွဲသို့ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ နေပြည်တော်ကောင်စီ၊ မန္တလေးတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှ မြန်မာစားသုံးသူများသမဂ္ဂ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။         


စားသုံးသူအခွင့်အရေး ရပိုင်ခွင့်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ (ဟားခါးမြို့)

၂၀၁၇ ခုနှစ်၊ မတ်လ၊ ၂၉-၃၀ ရက်နေ့ စုပေါင်းရုံးအစည်းအဝေးခန်းမ ၊ ဟားခါးမြို့၊ ချင်းပြည်နယ်တွင် ကျင်းပပြုလုပ်သော နှစ်ရက်တာ စားသုံးသူအခွင့်အရေး ရပိုင်ခွင့်ဆိုင်ရာ အသိပညာပေး အလုပ်ရုံဆွေးနွေးပွဲ နှစ်ရက်တာ အခမ်းအနား အောင်မြင်စွာ ပြီးဆုံးသွားခဲ့ပါသည်။ သို့ဖြစ်ပါ၍ တက်ကြွစွာဝိုင်းဝန်းဆွေးနွေးကြပါသော တက်ရောက်လာသည့် ဆရာမကြီး၊ ဆရာကြီးများ၊ လူမှုအဖွဲ့အစည်းအသီးသီးတွင် တက်ကြွလှုပ်ရှားစွာ ပါဝင်ဆောင်ရွက်နေကြသော ဆရာမများ နှင့် ဆရာတို့ကို ကျေးဇူးအထူးတင်ရှိပါသည်။