စားသုံးသူအသိပညာပေး ဟောပြောပွဲ – အင်းစိန် လူထုအခြေပြုဗဟိုဋ္ဌာန

မြန်မာစားသုံးသူများသမဂ္ဂမှ အလုပ်အမှုဆောင်အဖွဲ့ဝင်များသည် အင်းစိန် လူထုအခြေပြု ဗဟိုဋ္ဌာန၌ ၂၀၁၉ခုနှစ် ဧပြီလ ၁၁ရက်နေ့တွင် စားသုံးသူအသိပညာပေး  ဟောပြောပွဲပြုလုပ်ကာ စားသုံးသူရပိုင်ခွင့်အခွင့်အရေးများနှင့် စားသုံးသူများ ကုန်စည်၊ ဝန်ဆောင်မှုများ ဝယ်ယူ သုံးစွဲရာတွင် နစ်နာမှုများရှိပါက အထောက်ထားနှင့်တကွ တိုင်ကြားမှုပြုလုပ်ကြောင်း နှင့် တိုင်ကြားမှုများကို မြန်မာစားသုံးသူများသမဂ္ဂ ဝဘ်ဆိုက်မှဖြစ်စေ၊ မိုဘိုင်းအက်ပလီကေးရှင်းမှ ဖြစ်စေ တိုင်ကြားနိုင်ကြောင်း မျှဝေပြောကြားခဲ့ကြပါသည်။

ထိုဟောပြောပွဲသို့ မြန်မာစားသုံးသူများသမဂ္ဂမှ အတွင်းရေးမှုး ဦးမောင်မောင်၊ တွဲဖက်အတွင်းရေးမှုး-၄ နော်တာဟေးညော၊ ဘဏ္ဍာရေးမှုး ဦးဆန်းထူး၊ နှင့် စီမံကိန်းအထောက်အကူများဖြစ်ကြသော ဦးအောင်နိုင်မင်းနှင့် ဦးသိန်းထိုက်စိုးတို့ တက်ရောက်ခဲ့ကြပါသည်။

  

About the Author

Leave a Reply

You may also like these