မြန်မာစာသုံးသူများသမဂ္ဂ အသင်းဝင်များတွေ့ဆုံပွဲနှင့် E-Commerce ဆွေးနွေးပွဲ

မြန်မာစားသုံးသူများသမဂ္ဂ အသင်းဝင်များတွေ့ဆုံပွဲနှင့် E-Commerce ဆွေးနွေးပွဲကို ၂၀၁၉ ခုနှစ်၊ မေလ (၂၅) ရက် (စနေနေ)့တွင် ရန်ကုန်မြို့ ဘိုကလေးဈေးလမ်းရှိ ရန်ကုန်ယုဝတီ ခရစ်ယာန်အသင်း (Y.W.C.A) ခန်းမ၌ ကျင်းပခဲ့ပါသည်။ ထိုအခမ်းအနားတွင် မြန်မာစားသုံးသူများသမဂ္ဂ ဥက္ကဌ ပါမောက္ခ ဒေါက်တာမာမာကြည်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး အတွင်းရေးမှူး ဦးမောင်မောင်က မြန်မာစားသုံးသူများသမဂ္ဂ၏ လက်ရှိအခြေအနေနှင့် ဆောင်ရွက်ချက်များကို ရှင်းလင်းပြောကြားခဲ့ပါသည်။ အဖွဲ့လိုက် မှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးပြီးနောက် တွဲဖက်အတွင်းရေးမှူး-၃ ဦးဝင်းမင်း၊ တွဲဖက်အတွင်းအရေးမှူး-၄ နော်တာဟေညော နှင့် အလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါ်သင်းနွယ်စိုးတို့မှ ဦးဆောင်၍ တက်ရောက်လာသော အသင်းသားများကို အတူအကွဆက်လက်ဆောင်ရွက်ရမည့် သမဂ္ဂ၏ ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြခဲ့ကြပါသည်။

နေ့လည်ပိုင်းအစီအစဉ်များအနေဖြင့် မြန်မာစားသုံးသူများသမဂ္ဂအကြောင်းကို တက်ရောက်လာသော ပရိတ်သတ်များအား မြန်မာစားသုံးသူများသမဂ္ဂ အတွင်းရေးမှူး ဦးမောင်မောင်က မိတ်ဆက်ပြောကြားခဲ့ပြီး တွဲဖက်အတွင်းအရေးမှူး-၄ နော်တာဟေညောက အသင်းအဖွဲ့ဝင်ခြင်းနှင့် ရန်ပုံငွေမြှင့်တင်ခြင်းအကြောင်းကို ရှင်းလင်းတင်ပြခဲ့ပါသည်။ ထို့နောက် တွဲဖက်အတွင်းရေးမှူး-၁ ဒေါက်တာမိုမိုတင်နှင့် အလုပ်အမှုဆောင် အဖွဲ့ဝင် ဦးအောင်နိုင်မင်းတို့က တိုင်ကြားမှုများနှင့် E-Commerce စစ်တမ်းကောက်ယူခြင်းများမှ တွေ့ရှိချက်များကို တက်ရောက်လာသော အသင်းသားများနှင့်ဧည့်ပရိတ်သတ်များအား တင်ပြခဲ့ပါသည်။ ထို့နောက်တွင် E-Commerce ဆွေးနွေးပွဲ စကားဝိုင်းကို မြန်မာစားသုံးသူများသမဂ္ဂမှ တွဲဖက်အတွင်းရေးမှူး-၃ ဦးဝင်းမင်းမှ ဦးဆောင်၍ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးဦးမင်းသိန်း၊ E-Commerce Association of Myanmar မှ ဥက္ကဌ ဦးအေးချမ်းနှင် မြန်မာစားသုံးသူများသမဂ္ဂမှ တွဲဖက်အတွင်းရေးမှူး-၁ ဒေါက်တာ မိုမိုတင်တို့မှ ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသူများကလည်း သိရှိလိုသည်များကို ပြန်လည်မေးမြန်း ဆွေးနွေးခဲ့ကြပါသည်။ ထို့နောက် မြန်မာစားသုံးသူများသမဂ္ဂ ဥက္ကဌ ပါမောက္ခ ဒေါက်တာမာမာကြည်မှ နိဂုံးချုပ်ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။

      

Link – MCU Members Reunion and E-Commerce Video on DVB

About the Author

Leave a Reply

You may also like these