မြန်မာနိုင်ငံရှိ ဒေသန္တရဆိုင်ရာ အုပ်ချုပ်စီမံမှုမှ အတွေ့အကြုံများကို မျှဝေခြင်း – ပြပွဲ နှင့် ဆွေးနွေးပွဲ

မြန်မာစားသုံးသူများသမဂ္ဂ မှ မြန်မာနိုင်ငံရှိ ဒေသန္တရဆိုင်ရာ အုပ်ချုပ်စီမံမှုမှ အတွေ့အကြုံများကို မျှဝေခြင်း – ပြပွဲ နှင့် ဆွေးနွေးပွဲတွင် ပါဝင်ဆင်နွှဲခဲ့ပါသည်။

ထိုအခမ်းအနားကို နိုင်ငံတကာဖွံ့ဖြိုးရေးဆိုင်ရာအမေရိကန်အေဂျင်စီ (USAID) မှ ဦးဆောင်ကျင်းပပြီး မြန်မာနိုင်ငံရှိ အရပ်ဖက်အဖွဲ့အစည်းပေါင်းစုံ မှ တက်ရောက်ခဲ့ကြပါသည်။ မြန်မာစားသုံးသူများသမဂ္ဂမှ အတွင်းရေးမှုးဦးမောင်မောင် နှင့် တွဲဖက်အတွင်းရေးမှုး ဒေါက်တာမိုမိုတင်တို့မှ ဆွေးနွေးပွဲသို့ တက်ရောက်ပြီး အတွင်းရေးမှုး ဦးမောင်မောင်က ဆွေးနွေးပွဲစကားဝိုင်းတွင် စားသုံးသူရပိုင်ခွင့်အခွင့်အရေးနှင့် စားသုံးသူကာကွယ်ရေး ရှုထောင့်မှ စီးပွားရေး ပြန်လည် ထူထောင်ရေးအခန်းကဏ္ဍတွင် ဆွေးနွေးခဲ့ပါသည်။

ထို့အပြင် မြန်မာစားသုံးသူများသမဂ္ဂသည် ထိုအခမ်းအနားတွင် စားသုံးသူရပိုင်ခွင့်အခွင့်ရေးဆိုင်ရာ စားသုံးသူကာကွယ်ရေးနှင့် စီမံကိန်းကာလ အကောင်ထည်ဖော်ဆောင်ရွက်အောင်မြင်မှုများကိုလည်း ပြပွဲတွင် ခင်းကျင်းပြသခဲ့ပါသည်။

         

 

About the Author

Leave a Reply

You may also like these