ကမ္ဘာ့ကင်ဆာရောဂါ အထိမ်းအမှတ်နေ့ကျင်းပခြင်း

မြန်မာစားသုံးသူများသမဂ္ဂမှ ကြီးမှုးကျင်းပ၍ ကမ္ဘာ့ကင်ဆာရောဂါ အထိမ်းအမှတ်နေ့ ကို သမဂ္ဂရုံး၌ ၂၀၁၉ခုနှစ်၊ ဖေဖော်ဝါရီလ၊ ၄ရက်နေ့တွင် ကျင်းပခဲ့ပါသည်။ ထိုအခမ်းအနားတွင် မြန်မာစားသုံးသူများသမဂ္ဂ ဥက္ကဋ္ဌ ပါမောက္ခ  ဒေါက်တာမာမာကြည်မှ ကင်ဆာရောဂါဆိုင်ရာ ပညာပေးဟောပြောခဲ့ပြီး ရင်သားကင်ဆာ စစ်ဆေးနည်းကိုလည်း  ရွှေရောင်နှင်းဆီကင်ဆာဖောင်ဒေးရှင်းမှ  ပေးပို့သော ဗီဒီယိုဖိုင်ဖြင့် ရှင်းလင်းပြသခဲ့ပါသည်။ ဟောပြောချက်များမှ ကင်ဆာရောဂါသည် ကြိုတင်စစ်ဆေးသိရှိ၍ စောလျင်စွာကုသနိုင်ပါက ရှင်သန်ရန်အခွင့်အရေးပိုရနိုင်ကြောင်း သိရှိခဲ့ရပါသည်။ ထိုအခမ်းအနားတွင် ကင်ဆာရောဂါဝေဒနာရှင် တစ်ဦးမှ သူမ၏ အတွ့အကြုံများကို မျှဝေပြောကြားခဲ့ပါသည်။

ထို့အပြင် တက်ရောက်လာသူများကိုလည်း ကျွန်ုပ်သည် ..ကျွန်ုပ်က …. ကင်ဆာရောဂါ အထိမ်းအမှတ် ၂၀၁၉-၂၀၂၁ လှုပ်ရှားမှုအစီအစဉ်ကြီးကိုလည်း စတင်ပြုလုပ်ခဲ့ပါသည်။

မြန်မာစားသုံးသူများသမဂ္ဂမှ အတွင်းရေးမှုးဦးမောင်မောင်မှလည်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဋ္ဌာန နှင့် ရွှေရောင်နှင်းဆီဖောင်ဒေးရှင်းမှ ကြီးမှုးကျင်းပသော ကမ္ဘာ့ကင်ဆာရောဂါ အထိမ်းအမှတ်နေ့ လမ်းလျှောက်ပွဲကိုလည်း ၂.၄.၂၀၁၉ ခုနှစ် နံနက် ၅း၃၀ တွင် ပါဝင်ဆင်နွှဲခဲ့ပါသည်။

About the Author

Leave a Reply

You may also like these