ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ လူထုလှုပ်ရှားမှု ပြည်သူ့ရင်ပြင်၌ကျင်းပ

မြန်မာစားသုံးသူများသမဂ္ဂမှ ကြီးမှုး၍ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အခမ်းအနားကို USAID ၏ကူညီထောက်ပံ့မှုဖြင့် တက္ကသိုလ်စိန်ရတုခန်းမ၌ ၂၀၁၉ခုနှစ်၊ မတ်လ၊ ၁၅ရက်နေ့ တွင် နံနက် ၈း၃၀ မှ မွန်းလွဲ ၁း၀၀ နာရီထိ ကျင်းပခဲ့ပြီးနောက် ထိုနေ့ ညနေပိုင်းတွင် ပြည်သူ့ရင်ပြင်၌ ၃နာရီမှ ၆နာရီထိ စားသုံးသူရပိုင်ခွင့် အခွင့်အရေးများ လူထုမှ ပိုမိုသတိထား သိရှိစေရန် ရည်ရွယ်၍ လူထုလှုပ်ရှားမှု (Campaign on Consumer Rights) ကို ကျင်းပပြုလုပ်ခဲ့ပါသည်။ ထိုလှုပ်ရှားမှု၌ ပြည်သူ့ရင်ပြင်သို့ လာရောက်လည်ပတ်ကြသော စားသုံးသူများအား စားသုံးသူရပိုင်ခွင့် (၈)ချက်ထည့်သွင်းရိုက်ထုတ်ထားသော ဦးထုပ်များ၊ လက်ကမ်းစာစောင်များကို ဝေကာ ကမ္ဘာ့စားသုံးသူအခွင့်အရေးများ အထိမ်းအမှတ်နေ့ ပိုစတာ နောက်ခံ ဓါတ်ပုံများနှင့် ဓါတ်ပုံများ ရိုက်ကူးစေခြင်းများ ပြုလုပ်ခဲ့ကြပါသည်။

ထိုလှုပ်ရှားမှုသူ အမျိုးသမီးများကွန်ယက်အစရှိသော အဖွဲ့အစည်းများမှ လူငယ်များပါဝင် ကူညီအားဖြည့်ကာ စားသုံးသူရပိုင်ခွင့် အခွင့်အရေးများ ပြန့်ပွားပညာပေးရေးများအတွက် ပါဝင်လှုပ်ရှားခဲ့ကြပါသည်။

                                      

ကမ်ပိန်းအပြီး ကူညီပေးကြပါသော လုပ်အားပေး မောင်မယ် အပေါင်းတို့အား မြန်မာစားသုံးသူများသမဂ္ဂ ဥက္ကဋ္ဌ ပါမောက္ခဒေါက်တာမာမာကြည်မှ ကျေးဇူးတင် ဂုဏ်ပြုစကားပြောကြားစဉ်။ (အပေါ်ပုံ)

မနက်ပိုင်းတွင် ကျင်းပခဲ့သော ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အခမ်းအနားမှတ်တမ်းများ ကြည့်ရှုရန် အောက်ပါလင့်ခ်ကို ဖွင့်၍ကြည့်နိုင်ပါသည်။

ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အခမ်းအနား (တက္ကသိုလ်စိန်ရတုခန်းမ)

Link: http://www.myanmarconsumersunion.org/my/wcrd2019-ceremony-mm/

About the Author

Leave a Reply

You may also like these